ရန်ကုန်၊ ဖေဖော်ဝါရီ (၁၈) အထူးတရားရုံးတွေမှာ စစ်ကောင်စီအဖွဲ့ကို တရားစွဲဆိုနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက အမှုတွဲတွေ တင်ပြပြီး စတင်စစ်ဆေးစီရင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၁၀) အာဏာသိမ်းစစ်ကောင်စီ က စီစဉ်ထားတဲ့ အထူးတရားရုံး ကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဒီနေ့မှာ ထောင်ဒဏ်(၄) နှစ်ထပ်မံအမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) အတွက် ထောင်ဒဏ် (၂) နှစ်၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၇) အတွက် ထောင်ဒဏ် (၁)နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခံခန်ခွဲ့မှု ဥပဒေ အတွက် (၂) နှစ် စုစုပေါင်း (၅) နှစ်ချမှတ်ခဲ့တာ ဖြစ်ပေမယ့် ပို့ကုန်-သွင်းကုန် နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ အတွက်ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချမှတ်ခဲ့တဲ့အတွက် ထောင်ဒဏ် (၄) နှစ် သာကျခံရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ…

read more