ရန်ကုန်၊ ဩဂုတ် (၂၆) မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို အလေးပေးဆောင်ရွက်ကြဖို့ သက်ဆိုင်သူအားလုံးကို ဆက်လက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် ကပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၄) အာဏာသိမ်းစစ်တပ် အနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ မတရားထိန်းသိမ်းထားသူတွေအားလုံးကို လွှတ်ပေးဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စစ်အာဏာရှင်ကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် ထပ်မံတောင်းဆိုလိုက်ပါတယ်။ စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ နှိပ်စက်မှုတွေကို ခံစားနေရတဲ့တိုင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စု ရဲ့ သန္နိဋ္ဌာန်မှာ ပြောင်းလဲမှာ မဟုတ်ဘူးလို့ မြန်မာပြည်သူတွေဆီကို အမေရိကန်ပြည်ထောင်စုကိုယ်စား လွတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာပေးပို့တဲ့ စာထဲမှာ အခုလိုရေးသားထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့၊ လူ့အခွင့်အရေးကို လေးစာလိုက်နာဖို့နဲ့ မိမိတို့နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုကြီးကို ဂုဏ်ပြုတယ်လို့လည်း သူက ပြောပါတယ်။ ဒီနေ့ ၂၀၂၂ ခုနှစ်…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၉) မြန်မာစစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းမှုကျူးလွန်ပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က ဒီနေ့မှာ ပြောကြားပါတယ်။ “မြန်မာပြည်သူတွေ အပေါ် စစ်တပ်ရဲ့ ကျယ်ကျယ် ပြန့် ပြန့် ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေပြီး စစ်တပ်အနေနဲ့ ပြစ်ဒဏ်ခံရတာကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အမြန် အဆုံးသတ်ဖို့ လိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်” လို့ သူက ပြောပါတယ်။ ကယားပြည်နယ် နဲ့ ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အပေါ် မိမိတို့အနေနဲ့ စိုးရိမ်မိပါတယ်လို့ အန်တိုနီ ဂျေ ဘလင်ကန် ပြောကြားပါတယ်။ ကယားပြည်နယ်မှာ ဒီဇင်ဘာလ…

read more