ရန်ကုန်၊ ဇန်နဝါရီ (၁၂) မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ကျူးလွန်လျက်နေတဲ့ အကြမ်းဖက်လုပ်ရပ် တွေကို ပြည်သူအားလုံး နဲ့ ကမ္ဘာ က သိရှိနိုင်ရေး ဆောင်ရွက်ပေးနေတာတွေအတွက် မြန်မာပြည်သူများကိုယ်စားကျေးဇူးတင်တယ်လို့ ပြည်ထောင်စုလွှတ်တော်၊ လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က ပြောပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ် တွေ ကျူးလွန်နေတဲ့ လူ့အခွင့်ရေးချိုုးဖောက်မှုတွေ၊ ရာဇဝတ်မှုတွေ နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက နိုင်ငံတကာဥပဒေ တွေနဲ့ အညီ တရားဆွဲဆိုနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတ့အတွက် ကူညီပေးနိုင်တဲ့ ကဏ္ဍတွေကနေ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ နဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ အစည်းအဝေးမှာ သူက အခုလို တိုက်တွန်းပြောဆိုခဲ့ပါတယ်။…

read more