ရန်ကုန်၊ ဖေဖော်ဝါရီ (၂) စစ်တပ်က အာဏာသိမ်းတာ တစ်နှစ်ပြည့်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀) ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးက NUG ပြည်သူ့ာကွယ်ရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ပြောပါတယ်။ စစ်ကောင်စီတပ်တွေ နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး မနေ့က တစ်ရက်ထဲ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရှိသူ (၁၉) ဦး ရှိခဲ့ပါတယ်။ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေတာတွေကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလာကြတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေ စီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေက…

read more