အာဏာသိမ်း စစ်ကောင်စီဟာ သတင်းသမားတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာတွေရှိနေလို့ ထွက်ပြေး တိမ်းရှောင်စဉ် ကာလတွေမှာ စိတ်ပိုင်းရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်ကြုံတွေခဲ့ရပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂) တော်လှန်ရေးကာလမှာ အားလုံး အမြင်မတူတာတွေကို မြန်မြန်ဆန်ဆန် ညှိနှိုင်းရင်း ရှေ့ဆက်နိုင်ကြဖို့တော့ အင်မတန် အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂) အကြမ်းဖက်စစ်အုပ်စုဟာ သေခြင်းတရားနဲ့ ကြီးမားတဲ့ဖျက်ဆီးခြင်း နည်းလမ်းတွေကို ဆုပ်ကိုင်ကာ နိုင်ငံကို အုပ်ချုပ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၁၃) အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေက ချင်းပြည်နယ်အတွင်း သူတို့တပ်ဖွဲ့တွေ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်မှာ CDF-Mindat အဖွဲ့တွေ ကြားဖျက်တိုက်ခိုက်မှာ ကြောက်ရွံ့တဲ့အတွက် လမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ “သူတို့စစ်ကြောင်းလာတဲ့ လမ်းတစ်လျှောက် ဘေးနားဝန်းကျင်က ရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ပြီး ချီတက်လာကြတာ၊ လူနေအိမ်တွေ အဆောက်အဦးတွေ ထိတယ်၊ ထိခိုက်ဒဏ်ရာရတာ နဲ့ သေဆုံးတာတွေရှိနိုင်တယ်၊ စာရင်းတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ ရဲ့ သံချပ်ကား (၂) စီးပါဝင်တဲ့ စစ်ကား (၈၃) စီးဟာ မင်းတပ်မြို့ ကနေ မတူပီမြို့ ကို ချီတက်နေတာဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့…

read more

ရန်ကုန်၊ဇန်နဝါရီ(၁၀) အာဏာသိမ်းစစ်ကောင်စီ က စီစဉ်ထားတဲ့ အထူးတရားရုံး ကနေ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ဒီနေ့မှာ ထောင်ဒဏ်(၄) နှစ်ထပ်မံအမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) အတွက် ထောင်ဒဏ် (၂) နှစ်၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၇) အတွက် ထောင်ဒဏ် (၁)နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခံခန်ခွဲ့မှု ဥပဒေ အတွက် (၂) နှစ် စုစုပေါင်း (၅) နှစ်ချမှတ်ခဲ့တာ ဖြစ်ပေမယ့် ပို့ကုန်-သွင်းကုန် နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ အတွက်ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချမှတ်ခဲ့တဲ့အတွက် ထောင်ဒဏ် (၄) နှစ် သာကျခံရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ…

read more