ရန်ကုန်၊ဇန်နဝါရီ(၁) နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာဝပြောဖို့ နဲ့ စားရေရိက္ခာဖူလုံစေဖို့အတွက် ကျွန်တော်တို့အစိုးရ အနေနဲ့ တိုင်းရင်းသားပြည်သူတွေအတူ တစ်စိတ်တစ်ဝမ်းထဲ တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် “ညီညာမှ ပြည်သာမည်” ဖြစ်လို့ ကျွန်တော်တို့ရဲ့ စုစည်းအား နဲ့ တိုင်းပြည်သာယာဝပြောရေး ဝိုင်းဝန်း တည်ဆောက်ကြပါလို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ၂၀၂၂ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားချိန်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်သလို လာမယ့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ဟာ စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် အခုနှစ်ဟာ စိန်ရတု အကြိုကာလ ဖြစ်တယ်လို့ သူက ပြောပါတယ်။…

read more

ရန်ကုန်၊ဒီဇင်ဘာ (၂၈) မြန်မာနိုင်ငံအတွင်းမှာ ဆေးဝါးထုတ်လုပ်နိုင်တဲ့ ဆေးဖက်ဝင် သစ်ပင်မျိုးစုံနဲ့ သစ်ဥသစ်ဖုတွေ အများအပြားရှိနေတဲ့အတွက် မြန်မာ့တိုင်းရင်းဆေးတွေကို ခေတ်မီနည်းပညာရပ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်နိုင်ဖို့ တီထွင်ကြံဆကြပါလို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ မနေ့က ဒီဇင်ဘာ(၂၇) ရက်နေ့မှာပြုလုပ်တဲ့ တပ်မတော်သူနာပြု၊ ဆေးဘက်ပညာတက္ကသိုလ် သူနာပြု၊ ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၁၉)နဲ့ အမျိုးသမီးသူနာပြု၊ ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုတဲ့ ဆိုရိုးစကားအတိုင်း မြန်မာနိုင်ငံမှာ ဆေးဝါးထုတ်လုပ်နိုင်တဲ့ ဆေးဖက်ဝင် သစ်ပင်မျိုးစုံ၊ သစ်ဥသစ်ဖုတွေက ပေါက်ရောက်နေတဲ့အတွက် တာဝန်ကျရာ ဒေသအသီးသီးမှာရှိတဲ့ ဆေးဖက်ဝင်အပင်မျိုးစုံကို မိမိတို့ တတ်ကျွမ်း နားလည်ထားတဲ့ ဆေးဝါးကျွမ်းကျင်မှုဆိုင်ရာ အခြေခံကောင်းတွေကို ကောင်းမွန်မှန်ကန်စွာ အသုံးချပြီး သုတေသနလုပ်ငန်းတွေကို…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၄) စစ်ရာဇဝတ်ကောင် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေက လက်နက်ကိုင် ပဋိပက္ခ ကာလအတွင်း ဘယ်အခြေအနေမှာ မဆို နှစ်ဘက်တပ်ဖွဲ့တွေ မဖြစ်မနေ လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစားနာမှု ဥပဒေကို ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေ့တိုင်းနီးပါး ကလေးတွေနဲ့ သက်ကြီးတွေကိုပါမချန် အပြစ်မရှိတဲ့ ပြည်သူတွေကို မြင်တာနဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး ဥပဒေမဲ့ ထင်ရာခိုင်းနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် အနောက်မြောက်ပိုင်းဒေသတွေကို စစ်တပ်က အနော်ရထာစစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ကြည်း၊ ရေ၊…

read more