ရန်ကုန်၊ ဒီဇင်ဘာ (၂၉) မိမိကိုယ်မိမိခုခံကာကွယ်ဖို့အတွက် တပ်မတော်အနေနဲ့ အကန့်အသတ် အနည်းဆုံးအင်းအားကို အသုံးပြုပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် ဘက်က ကရင်အမျိုးသားအစည်းအရုံး KNU ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF အဖွဲ့တွေကို အခုလ ဒီဇင်ဘာ (၁၅) ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။ “တပ်မတော်အနေနဲ့ ထုတ်ပြန်ထားတဲ့ Rule of Engagement အတိုင်း ROE နဲ့ အညီ လိုအပ်တဲ့ အင်အား ထပ်မံဖြည့်ဆည်းကာ လေကြောင်း ပစ်ကူနဲ့ ရန်သူပစ်မှတ်၊ စခန်းတွေကို ချေမှုန်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပေါင်း (၂၅) ကြိမ်ဖြစ်ပွားခဲ့တယ်” လို့ သူတို့က ပြောပါတယ်။ ထီးမယ်ခါခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ နဲ့…

read more