ရန်ကုန်၊ ဖေဖော်ဝါရီ (၉) နိုင်ငံတော်အကျိုးကို အခုချိန်မှာ မျက်မြင် အကောင်အထည်ဖော်နေတဲ့ တရားဝင် အစိုးရ၊ တပ်မတော်ရဲ့ တရားဝင်သဘောထား တရားဝင်ဖိတ်ခေါ်ချက်ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့ပွဲကို နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို လက်တွေ့သယ်ပိုးဖို့ အားသန်နေကြသူတွေ တက်ရောက်ဆွေးနွေးကြဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေး က စည်းရုံးပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၈) NLD ပါတီ ထောက်ခံသူ အကြမ်းဖက်သမားတွေလုပ်လို့ USDP ပါတီဝင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ အပြစ်မဲ့ပြည်သူတွေ ကျဆုံးသွားခဲ့ရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ဒီနေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေး ပုံမှန်အခြေအနေကို အမြန်ဆုံး ပြန်လည်ရောက်ရှိဖို့အတွက် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရေး ဆိုင်ရာကိစ္စရပ်နဲ့ ပတ်သက်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ ပါတီတွင်း အစည်းအဝေးပွဲမှာ ဥက္ကဋ္ဌက အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီ နိုင်ငံရေးကို အကြမ်းဖက်မှု၊ ရက်စက်မှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကို ဥပဒေပြင်ပကနေ ဆောင်ရွက်နေတာတွေ ထာဝရချုပ်ငြိမ်းစေဖို့နဲ့ လူတစ်ဦးချင်းဆီ လုံခြုံရေးအသိ လုံခြုံရေးသတိ အမြင့်ဆုံးထားရှိရမယ်လို့ သူက ပြောကြားခဲ့ပါသေးတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဋ္ဌေးက ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၇) ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီရဲ့ (၆) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို…

read more