ရန်ကုန်၊ ဇန်နဝါရီ (၁၂) ဆိုင်ကယ်ရပ်ခိုင်းတာ မရပ်ပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မနေ့ ညပိုင်းက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၅) ရပ်ကွက် အတွင်းမှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ ပြည်သူနှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင် တွေက သေနတ်တွေ နဲ့ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံပြည်သူတွေ ဆီက သိရပါတယ်။ “အခုအဖမ်းခံရတဲ့နှစ်ယောက်က သူတို့ရှေ့ရောက် တော့ ဆိုင်ကယ်ရပ်ခိုင်းတာ ရပ်မပေးလို့ဆိုပြီး ပစ်တာတဲ့။ ၆ ချက် ၇ ချက်လောက်ရှိတယ်၊ ဆိုင်ကယ်လဲကျသွားတော့ ရိုက်နှက်ဖမ်းသွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်ဘက်တော်သားတွေက ၆ လမ်းအတွင်းက နေအိမ်တချို့ကို ဧည့်စာရင်းလိုက်စစ်ရင်း အခုလို လူငယ်နှစ်ဦး တွေဆုံပြီး ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ “အဲလမ်းမှာ ချင်းလူမျိုး နေအိမ်တွေရှိတယ်၊…

read more