ရန်ကုန်၊ ဇန်နဝါရီလ (၈) ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းကစတင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး လူနေအိမ်တချို့ကိုလည်း မီးရှို့ခံနေရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲဘော်တစ်ယောက်တစ်ဦးက C8News မီဒီယာကို အတည်ပြုပြောကြားပါတယ်။ “ဒီနေ့ မနက်ထဲက ခုထိ KNDF ဘက်က ထိခိုက်မူ တစ်စုံတစ်ရာမရှိသေးပေမယ့် လူနေအိမ်တွေတော့ တောက်လျှောက်မီးရိူ့ခံနေရတယ်။ စစ်ကောင်စီ ဘက်က အကျအဆုံးတစ်ချို့ရှိပေမယ့် တိုက်ပွဲပြင်းထန်နေတဲ့တွက် အတိအကျကို အတည်မပြုနိုင်သေးဘူး”လို့ တိုက်ပွဲအတွင်း ရောက်ရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းကစတင်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ (၆) မိုင် က ဘော်ဒါဆောင် တစ်ခုမှာ စစ်ကောင်စီတပ်က အင်အား (၁၀၀) ဝန်းကျင် နဲ့ တပ်စွဲထားပြီး မနက်အစောပိုင်း လေးနာရီဝန်းကျင်…

read more