ရန်ကုန်၊မတ်(၁၃) ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မြို့မရဲစခန်းက စခန်းမှူး ညွန့်လှိုင် ရဲ့ လက်ကိုင်တုတ် အရပ်သားက ရဲတပ်သားသစ်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၂) ဆိုင်ကယ်ရပ်ခိုင်းတာ မရပ်ပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မနေ့ ညပိုင်းက မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ (၅) ရပ်ကွက် အတွင်းမှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ ပြည်သူနှစ်ဦးကို စစ်ကောင်စီအဖွဲ့ဝင် တွေက သေနတ်တွေ နဲ့ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံပြည်သူတွေ ဆီက သိရပါတယ်။ “အခုအဖမ်းခံရတဲ့နှစ်ယောက်က သူတို့ရှေ့ရောက် တော့ ဆိုင်ကယ်ရပ်ခိုင်းတာ ရပ်မပေးလို့ဆိုပြီး ပစ်တာတဲ့။ ၆ ချက် ၇ ချက်လောက်ရှိတယ်၊ ဆိုင်ကယ်လဲကျသွားတော့ ရိုက်နှက်ဖမ်းသွားတာ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်ဘက်တော်သားတွေက ၆ လမ်းအတွင်းက နေအိမ်တချို့ကို ဧည့်စာရင်းလိုက်စစ်ရင်း အခုလို လူငယ်နှစ်ဦး တွေဆုံပြီး ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ “အဲလမ်းမှာ ချင်းလူမျိုး နေအိမ်တွေရှိတယ်၊…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၃၁) ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း မှာနေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝေဇင်အောင် ကို အမည်မသိသူနှစ်ဦးက ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “မနက်ကရပ်ကွက်ရုံးရှေ့မှာ ကွမ်းယာဝယ်တုန်းအပစ်ခံရတာ၊ လေးငါးချက်လောက်ထိတယ်၊ သူ့ဦးလေးလည်းထိတယ်၊ အုပ်ကြီးဆိုတဲ့ကောင်က ဆေးရုံပို့ပြီး နေ့လည်ပိုင်းလောက်မှာ သေတယ်လို့ သိရတယ်” လို့ အမည်မဖော်လို့တဲ့ ဒေါပုံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်(၈) နာရီကျော်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝေဇင်အောင် ကို ဘက်ထရီစက်ဘီးစီးလာသူ နှစ်ဦးကပစ်ခတ်ခဲ့တဲ့အတွက် ဝမ်းဗိုက်နဲ့ ယာပေါင်မှာ ကျည်ထိမှန်ခဲ့ပြီးနောက် ဆေးရုံကိုပို့ဆောင် ဆေးကုသပေးနေချိန် ဒီနေ့နေ့လည်ပိုင်းမှာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာပဲ ရန်ကုန်တိုင်းအတွင်းက ကော့မှူးမြို့နယ်၊ ကျိုက်ထောက်ကျေးရွာက ရာအိမ်မှူး (၂) ဦး နဲ့ လှိုင်မြို့၊…

read more