ရန်ကုန်၊ ဇန်နဝါရီ (၁၈) မန္တလေးမြို့၊ (၃၅) လမ်း၊ (၈၉) လမ်း နဲ့ (၉၀) လမ်း ကြားမှာရှိတဲ့ ကင်းစခန်း တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး သေဆုံးသွားခဲ့တယ်လို့ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်လင်းယုန် က ပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကို မနေ့ ညအစောပိုင်းက Justice Mandalay People Defense Force (JMPDF) နဲ့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို) တို့က ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၄) ရက်နေ့ ည (၇) နာရီကျော်ကလည်း မန္တလေးမြို့ (၃၅) လမ်း၊ (၈၆) လမ်း…

read more