ရန်ကုန်၊ ဇန်နဝါရီ (၂၀) နေပြည်တော် မြို့တော်အတွင်းမှာ မီးလောင်ကျွမ်း တာတွေကနေ ထွက်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုကို လျော့ချသွားမှာ ဖြစ်တယ်လို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပြောပါတယ်။ ပွင့်လင်းရာသီ မှာ ဖြစ်ပေါ်လေ့ရှိတဲ့ တောမီးလောင်တာ နဲ့ တောင်ယာမီးရှို့တာ တွေကနေထွက်ရှိတဲ့ မီးခိုးမြူငွေ့နဲ့ ပြာမှုန့် တွေဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတာဖြစ်တဲ့အတွက် Fire Hotspots မီးလောင်ကျွမ်းမှု များပြားနေတာတွေကို လျှော့ချသွားမယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အစည်းအဝေးပွဲမှာ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ နေပြည်တော် မြို့တော်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပေးအပ်ခဲ့တဲ့ အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ရေရှည် တည်တံ့သောမြို့ကြီးများဆု(ASEAN Environmental Sustainable Cites…

read more