ရန်ကုန်၊မေ(၁၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ထဲမှာ မနေ့(မေ၉)ရက် မနက်ပိုင်းက ဈေးဝယ်ထွက်လာတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား(၁)ယောက်သေပြီး၊ သေနတ်(၁)လက်ရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၂) စစ်ကောင်စီက သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ပြည်သူတစ်ဦး ဦးခေါင်းသေနတ်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ အခုလ ဇန်နဝါရီ (၂၀) ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ- ချောင်းဦးလမ်း တစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး (၄) ချက်၊ သေနတ်အချက်အပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတစ်ဦး ဦးခေါင်းသေနတ်ထိမှန် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHUPDF က ပြောပါတယ်။ “ပြည်သူတစ်ဦး ဦးခေါင်းသေနတ်ထိမှန် သေဆုံးကြောင်းကြားရတာ ကျွန်ုပ်တို့ညီနောင်အဖွဲ့တွေ အနေနဲ့ စိတ်မကောင်းခြင်းများစွာ နဲ့ ဝမ်းနည်းကြေကြွဲရတယ်” ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ အကြမ်းဖက် လက်နက်ကိုင်တွေရဲ့ အနီးဝန်းကျင်ကို သွားလာ…

read more