ရန်ကုန်၊ မတ် (၂၈) ရန်ကုန်မြို့၊ ဘုရင့်နောင် ၅၃၂ တပ်ရင်းနားမှာ အဝေးထိုင်းမိုင်း (၂) လုံးပေါက်ကွဲခဲ့ပြီး ဖောက်ခွဲမှုပြုလုပ်ချိန် လမ်းသွားလမ်းလာ ပြည်သူ (၃) ဦး ထိခိုက်သွားတဲ့လို့ Gods Of Death က အနူးအညွတ်တောင်းပန်တယ်လို့ ပြောပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၃၁) စစ်တပ်ကအဓမ္မအာဏာသိမ်းပြီးနောက် ရန်ကုန်မြို့အတွင်းက မြို့နယ်တွေမှာ နေ့စဉ်နီးပါးဖြစ်ပေါ်နေတဲ့ လုယက်မှုတွေ ကို တားဆီးနှိမ်နှင်းနိုင်ဖို့ မြို့နယ်အလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းပြီး စတင်ဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ ပြည်သူတွေဆီ က သိရပါတယ်။ “နေ့တိုင်းပဲ လိုင်းပေါ်မှာ တွေ့နေရတယ် ဘယ်လိုလုယက်ခံလိုက်ရတယ်၊ ဘယ်လောက်ပါသွားတယ်၊ ဒါတွေကိုဘယ်သူကမှတာဝန်ယူမဆောင်ရွက်ပေးနိုင်ဘူး၊ ပြည်သူ နဲ့ အနီးကပ်ဆုံးရှိခဲ့တဲ့ ရဲဆိုတာကလည်း အခုချိန်မှာ ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ နေတဲ့ကောင်တွေဖြစ်နေတော့ ကိုယ့်မြို့ကိုယ့်ရွာကာကွယ်ဖို့အတွက် အခုလိုGroup လေးတွေဖွဲ့ပြီး စီစဉ်ဆောင်ရွက်ရတာ ဖြစ်တယ်” လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦး ကပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရှားပါးလာသလို တရိပ်ရိပ်မြင့်တက်နေတဲ့ စားသောက်ကုန် စားရိတ်တွေကြောင့် ပြည်သူတွေအနေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရချိန်မှာ ဒုစရိုက်သမားတွေက အခွင့်ကောင်းယူ လုယက်တိုက်နေကြတာ ဖြစ်ပါတယ်။ “နိုင်ငံရေးမတည်ငြိမ်တဲ့ ကာလမှာ…

read more