ရန်ကုန်၊ ဩဂုတ် (၁၆) တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းနဲ့ တိုက်ခိုက်နိုင်တာတွေ၊ မိုင်းဆွဲတိုက်ခိုက်နိုင်တာတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှုမလှ သေဆုံးနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောပါတယ်။

read more

ရန်ကုန်၊ဇန်နဝါရီ(၂၆) တိုက်ပွဲကာလတွေ ကြာရှည်နေပြီး အကြပ်အတည်းတွေကို အချိန်မီ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံဟာ အလုံးစုံပျက်စီးရေး ကို ရောက်ရှိသွားနိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ လက်ရှိအခြေအနေ နဲ့ ပတ်သက်ပြီး အချက် (၇) ချက် ပါဝင်တဲ့ ထုတ်ပြန်ချက်ကို KIO က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်က နိုင်ငံတော် ရဲ့အချုပ်အခြာ အာဏာ အရပ်ရပ်ကို သိမ်းယူခဲ့တာ တစ်နှစ်ပြည့်မြောက်တော့မှာဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့ ကြုံတွေ့နေရတဲ့ ပြဿနာအကြပ် အတည်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် စစ်ကောင်စီအနေ နဲ့ တရားမျှတမှုကို အခြေခံပြီး ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို တန်ဖိုးထားဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက် မှာ ရေးသားထားပါတယ်။ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၄) ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အတွင်း အာဏာသိမ်းစစ်ကောင်စီတပ် ရဲ့ ကျောထောက်နောက်ခံ အကျိုးတူ လုပ်ငန်းဖြစ်တဲ့ Myanmar ၊ Dagon နဲ့ ABC ဘီယာတွေကို ရောင်းဝယ်တာ မပြုလုပ်ဖို့ ကေအိုင်အို အစိုးရ၊ မြစ်ကြီးနားခရိုင်က ဒီနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ အခုလ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး မြို့တွင်း၊ မြို့ပြင်၊ ကျေးလက်ဒေသ လမ်းပိုင်းတလျှောက် သယ်ယူတာ မပြုဖို့ နဲ့ သတ်မှတ်ရက် နောက်ပိုင်းတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမှာ ဖြစ်လို့ ထုတ်ပြန်အရ သိရပါတယ်။

read more