ကယား၊ စက်တင်ဘာ (၃) ကယားပြည်နယ် (ကရင်နီ) မှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

read more

ကယား၊ စက်တင်ဘာ (၃) ကယားပြည်နယ် (ကရင်နီ) ဘောလခဲမြို့နဲ့ မယ်စလောင်းတောင်ကြားမှာရှိတဲ့ ရေကျော်စခန်းအတွင်းက စစ်ကောင်စီရုပ်အလောင်း (၆) လောင်း၊လက်နက်ငယ် (၇)လက် ၊9MM ပစ္စတို (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ (၈၁)မမ ပြောင်း (၁) ပြောင်း နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့မှာ ပြောပါတယ်။

read more

ကယား၊ မတ် (၂၃) ကယားပြည်နယ် (ကရင်နီ)၊ လွိုင်ကော်မြို့နယ်က စခန်း (၁၂) ခု၊ဒီးမော့ဆိုမြို့နယ်က စခန်း(၁၃) ခု၊ ဖားဆောင်မြို့နယ်က စခန်း (၉) ခု၊ ဘောလခဲမြို့နယ်က စခန်း(၅) ခု၊ ရှားတောမြို့နယ်က စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်က (၁၇)ခု နဲ့ မယ်စဲ့မြို့နယ်က (၁) ခု၊ ဖရူဆိုမြို့နယ်က (၁) ခု စုစုပေါင်း စစ်ကောင်စီရဲ့ တပ်စခန်း (၆၅) ခုကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ယ်လို့ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့မှာ ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၈) အကြမ်းဖက်စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ PDF (ဖယ်ခုံ)၊ ကြား မနေ့က တစ်ရက်ထဲ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၄) (၁၀) နာရီကျော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပြည်သူတွေရဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဟိုဖိတ်ကျေးရွာ နဲ့ စိုက်ကွင် (၂) ကျေးရွာ ကြားမှာ မနေ့ မနက် (၈) နာရီက ကနေ ညနေ (၆) နာရီကျော်ကြာတဲ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူများပြားခဲ့ပြီး စစ်ကောင်စီဘက်ဖွဲ့ဝင် တွေက ပြည်သူနေအိမ် (၉) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်နေ့လည်ပိုင်းကလည်း ဟိုဖိတ်ကျေးရွာ နဲ့ သပြေတောကျေးရွာ အတွင်းမှာလည်း…

read more

ရန်ကုန်၊ဇန်နဝါရီ(၂၂) စစ်ကောင်စီအဖွဲ့တွေဟာ လေကြောင်း နဲ့ လက်နက်ကြီး ပစ်ကူရယူပြီး ကယားပြည်နယ် အတွင်းတိုက်ခိုက်ခဲ့ပေမယ့် အဲ့ဒီတိုက်ခိုက်မှုတွေဟာ အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ဘူး လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန က ငြင်းဆိုလိုက်ပါတယ်။ အခု ဇန်နဝါရီလအတွင်းမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို အကြမ်းဖက်စစ်တပ် က လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာ နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန က အခုလိုငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေဟာ လူနေရပ်ကွက်တွေ အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ၊ ဘာသာရေးအဆောက်အအုံတွေ၊ အစိုးရပိုင် အဆောက်အဦးတွေကို တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေကိုလည်း လူသားတံတိုင်းလို့ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ရာမှာတော့ ပြည်သူတွေထိခိုက်မှုမရှိစေဖို့ အတတ်နိုင်ဆုံး ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့တိုက်ခိုက်မှုကြောင့် လွိုင်ကော်အကျည်းထောင်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရွာတန်းရှည်ရပ်ကွက် နဲ့ မိုင်းလုံးရပ်ကွက် မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သေဆုံးခဲ့ပြီး ကောက်ယူ သင်္ဂြိုလ်ပေးမယ့်သူ မရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ပူးပေါင်းတပ် တွေက လူ့ဂုဏ်သိက္ခာနဲ့အညီ မီးရှို့သင်္ဂြိုလ်ပေးခဲ့တဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကယားပြည်နယ် အတွင်းက မြို့နယ် တချို့မှာ စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားကာကွယ်ရေးတပ် တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီလ (၈) ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းကစတင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး လူနေအိမ်တချို့ကိုလည်း မီးရှို့ခံနေရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲဘော်တစ်ယောက်တစ်ဦးက C8News မီဒီယာကို အတည်ပြုပြောကြားပါတယ်။ “ဒီနေ့ မနက်ထဲက ခုထိ KNDF ဘက်က ထိခိုက်မူ တစ်စုံတစ်ရာမရှိသေးပေမယ့် လူနေအိမ်တွေတော့ တောက်လျှောက်မီးရိူ့ခံနေရတယ်။ စစ်ကောင်စီ ဘက်က အကျအဆုံးတစ်ချို့ရှိပေမယ့် တိုက်ပွဲပြင်းထန်နေတဲ့တွက် အတိအကျကို အတည်မပြုနိုင်သေးဘူး”လို့ တိုက်ပွဲအတွင်း ရောက်ရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းကစတင်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ (၆) မိုင် က ဘော်ဒါဆောင် တစ်ခုမှာ စစ်ကောင်စီတပ်က အင်အား (၁၀၀) ဝန်းကျင် နဲ့ တပ်စွဲထားပြီး မနက်အစောပိုင်း လေးနာရီဝန်းကျင်…

read more

ရန်ကုန်၊ ဇန်နဝါရီလ (၂) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း အနီး နဲ့ ငွေတောင်ဆည် အနီး ဘုရားငုတ်တိုရွာ အနီးမှာ မနေ့ နေ့လည်ပိုင်းကနေ ညနေပိုင်းကအထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် (၃) ဦး ထိခိုက်ဒဏ်ရာရိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ကရင်နီတပ်မတော် KA၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ KGZ နဲ့ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့တွေက ပူးပေါင်းထိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော် PDF တပ်ဖွဲ့ဝင် (၂) ဦး နဲ့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင် (၁) ဦး တို့…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြင့် လာမယ့်အခြေအနေဖြစ်နေလို့ ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ မပြုဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ မနေ့ ညနေပိုင်းက မြို့မရဲစခန်းကပ်ရပ်က ဘုရားစေတီဝိုင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေ၊ KNDF နဲ့ ကရင်နီတပ်မတော် KA တွေက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်တော်သား (၅) ဦး သေဆုံးသွားခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့က တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ KNDF့ ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို…

read more