ရန်ကုန်၊ ဇန်နဝါရီ (၁၃) ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဝေါ်မူကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ ကို ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ် တွေ လေယာဉ် (၂) စင်း နဲ့ ထပ်မံလာရောက် ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က အတည်ပြုပြောကြားခဲ့ပါတယ်။ ဗုံးကြဲတိုက်ခိုက် ခံရလို့ ပြည်သူ (၃) ဦး ထည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး (၅) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ကရင်ပြည်နယ် မှာ စစ်ကောင်စီတပ် တွေ နဲ့ တိုင်းရင်းသားကာကွယ်ရေး တပ်တွေ၊ ဒေသခံကာကွယ်ရေးတပ် တွေကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁) KNU အဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်လိုက်လို့ (၂) ရက်အတွင်း စစ်ကောင်စီတပ်သား (၉) ဦးသေခဲ့ပြီး (၁၂) ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ KNU က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကို မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မောကလိုးကျေးရွာ အနီးမှာ ဒီဇင်ဘာ (၂၉) ရက် နေ့လည်ပိုင်းက တစ်ကြိမ်၊ ဒီဇင်ဘာလ (၃၀) ရက် မင်းလွင်ကျေးရွာ အုပ်စု ဝမ်းဘဲအင်းတောင်ခြေ မှာ တစ်ကြိမ် နဲ့ ဘီလင်းမြို့နယ်၊ နိုဘယ်ဘောကျေးရွာ အုပ်စု၊ လေးခေါ့ထေကျေးရွာ အနီးမှာ တစ်ကြိမ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်မှ ထိခိုက်ဒဏ်ရာရှိမှု မရှိဘူးလို့လဲ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) တောင်စွန်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။ “အာဏာသိမ်း စစ်ကောင်စီတပ်က အကြောင်းမကြားပဲနဲ့ တောင်းစွန်းကျေးရွာ အပြင်ဘက်ကို ထွက်သွားတာ။ ရွာရဲ့ ချောင်းတစ်ဖက်ကမ်း ဖူးဖာဒို့ နတ်စင်မှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်နဲ့ တိုက်ပွဲဖြစ်တာ၊ (၅)မိနစ် လောက်ပဲ ကြာတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒီနေ့ မနက် (၈) နာရီကျော်က စစ်ကောင်စီတပ် ခလရ ၂၈၃ တပ်ရင်း နဲ့ KNLA တပ်ရင်း ၁၆ ၊ လက်အောက်ခံ တပ်ခွဲ ၂ တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေ နဲ့…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၂၈) ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ဒေသ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်အင်အားတိုးချဲ့နေလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၁) ရက်နေ့ကစတင်ကာ ဒေသခံပြည်တွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ စစ်ရေးလှုပ်ရှားမှုနဲ့ အင်အားတိုးချဲ့မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် မူသယ်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ရေးလှုပ်ရှားတာ နဲ့ စစ်အင်အားတိုးချဲ့တာတွေကို ပြုလုပ်လာတဲ့ တပ်တွေက တပ်ရင်းမှူး ရှမ်းလေးအောင် ဦးဆောင်တဲ့ ခလရ – ၃၅၁ ၊ တပ်ရင်းမှူး စိုးဇော်ထွန်း ဦးဆောင်တဲ့ ခလရ –…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၈) မနေ့ညပိုင်းက စခန်းသိမ်းတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်က (၁) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရရှိခဲ့ပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြာသောင်းဆိပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ၁၀၁၃ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ မနေ့ မနက်ပိုင်းက စတင်ပြီး ညပိုင်းအထိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၈) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြာသောင်းဆိပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ၁၀၁၃ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ မနေ့ မနက်ပိုင်းက စတင်ပြီး ညပိုင်းအထိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဘက်က စခန်းမှူးအပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

read more