ရန်ကုန်၊ မတ် (၁၈) အခုချိန်ဟာ တော်လှန်ရေးကာလဖြစ်လို့ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်နယ် မြေတွေအတွင်း စစ်တမ်းကောက်ယူတာ၊ ဖြတ်သန်းသွားလာတာတွေနဲ့ စီမံကိန်းလုပ်ငန်းတွေ ပြုလုပ်မယ်ဆိုပါက NUG ကို ကြိုတင်အသိပေး အကြောင်းကြား‌ပြီးမှသာ ဆောင်ရွက်ဖို့ လိုတယ်လို့ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပြောပါတယ်။

read more

ရန်ကုန်၊ သြဂုတ် (၃) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူ လူဦးရေအများဆုံး စံချိန်တင်ခဲ့တယ်လို့ ကုလသမဂ္ဂလက်အောက်ခံ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်း‌ရေးရုံး (OCHA) က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၀) KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်အတွင်းက ကျောက်ကြီးမြို့နယ်၊ ကွီးလားကျေးရွာနဲ့ ဆောထိမြို့နယ်၊ တကက်ပူကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဒီနေ့ မနက် (၂) နာရီဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ် ကရင်အမျိုးသားအစည်းအရုံး KNU က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၁၇) စစ်ကောင်စီတပ်တွေက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းက နေရာအများစုကို လေကြောင်းကနေ တိုက်ခိုက်နေသလို လက်နက်ကြီးတွေ အလွန်အကျွံသုံးပြီး တိုက်ခိုက်နေလို့ ပြည်သူ (၇၀၀) ကျော်က အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး က ပြောပါတယ်။

read more