ရန်ကုန်၊သြဂုတ်(၆) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ နေထိုင်တဲ့ သတင်းပေးဒလန် အဖြစ် သတ်မှတ်ခံထားရသူတွေ နေ့စဉ်ဆိုသလို ပစ်ခတ်ရှင်းလင်းခံနေရပြီး မနေ့ သြဂုတ်လ(၅)ရက်နေ့မှာ (၂)ဦး ပစ်ခတ်ခံရကာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇွန် (၇) ပြည်သူတွေအနေနဲ့ အစုအဖွဲ့အလိုက် အခမ်းအနားတွေ လုံး၀ (လုံးဝ) မပြုလုပ်ဖို့၊ လူစည်ကားတဲ့ နေရာတွေကို သွားလာတာ မပြုလုပ်ဖို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဧပြီ(၁၅) ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ အရက်မူးနေတဲ့ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒုတပ်ကြပ်ဇင်မျိုးကိုကို သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊မတ် (၂၈) မနေ့က ကရင်ပြည်နယ်၊ ဝေါ်လေတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား (၆၁) ဦး သေဆုံးခဲ့တယ်လို့ Cobra Columnက ဒီကနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၈) ပြည်သူတွေအနေနဲ့ လမ်းတွေပေါ်ကျနေတဲ့ ပါဆယ်ထုတ်တွေ၊ ပုံးတွေ စတာပစ္စည်းတွေကို ကောက်ယူဖွင့်ကြည့် စပ်စုတာ မပြုလုပ်ဖို့ PDF အဖွဲ့ (၃) ခုက အထူး အထူး သတိပေး ပြောကြားလိုက်ပါတယ်။

read more

ရန်ကုန်၊ မတ် (၂၃) နွေဦးတော်လှန်ရေး ကာလအတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို မြို့ရော၊ တောပါ မကျန် ဖွဲ့စည်းနိုင်ခဲ့ပြီး ရဲဘော်အင်အားကလဲ သောင်းဂဏန်းကျော် ရှိနေပြီဖြစ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ကို တန်ပြန်ခြိမ်းခြောက်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၃) ခမရ (၃၆၇) တပ်ရင်း ကို PDF အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးပို့နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ တွန်နိမ်ကျေးရွာနေ ပွဲမောင် ကို သုတ်သင်ရှင်းလင်းလိုက်ပြီ ဖြစ်တယ်လို့ ဖောင်းပြင်မြို့နယ်၊ ပင့်ကူနက်အဖွဲ့က ပြောပါတယ်။

read more

ရန်ကုန်၊ မတ် (၂၂) အခုလက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ PDF ရဲဘော်တွေရဲ့ အင်အားဟာ နေပြည်တော်ကို ခြိမ်းခြောက်နေနိုင်ပြီဖြစ်ပြီး စိုးမိုး သိမ်းပိုက် ထိန်းချုပ်နိုင်တဲ့ အဆင့်ကို မကြာခင် ရောက်ရှိတော့မှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က ပြောပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ(၉) မြန်မာအစိုးရဟာ ပြည်သူတွေရဲ့ အသက်ထက် မည်သည့်အရာကမျှ အရေးမကြီး၊ တန်ဖိုးမရှိ ဆိုတဲ့ခံယူချက်နဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှား နိုင်ငံတှေ အပါအဝင် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိအောင်ဆောင်ရွက်ပေးခဲ့သလို ကိုဗစ်ကာလအတွင်း နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား (၉၇,၀၀၀) ကို နေရပ်ပြန်ခေါ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၈) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းမှာ ရှိတဲ့ PDF စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က အင်အား တစ်ထောင်ကျော်အသုံးပြုပြီး ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

read more