ရန်ကုန်၊ ဇန်နဝါရီ (၁၈) PDF အဖွဲ့တွေ အနေနဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အသီးတွေမှာ စခန်းချတာ၊ စစ်သင်တန်းဖွင့်လှစ်ပါက ပစ်မှတ်ထားပြီး လေယာဉ် တွေနဲ့ ဗုံးကြဲသွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး တွေက စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ ကြက်တကောင်းရွာ မှာ စာတွေလိုက်လံကပ်ပြီး ကြေညာခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။ “ရပ်မိ၊ ရပ်ဖ တွေအနေနဲ့ နောက်တစ်ခါ PDF တွေကို လက်ခံ အားပေးပါက၊ သင်တန်းဖွင့်ပါက ရွာလုံးကျွတ် ရွှေ့ပြောင်းရမယ်” လို့ ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးမှူး က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီလက်အောက်ခံတွေက PDF တွေနဲ့ ပတ်သက်တဲ့ သတိပေးထုတ်ပြန်စာတွေ မြို့နယ်အတွင်း လိုက်ကပ်တဲ့အချိန်မှာ ဆိုင်ကယ်စီးလာတဲ့ အပြစ်မယ့် ပြည်သူနှစ်ဦးကိုလည်း သေနတ်နဲ့…

read more

ရန်ကုန်၊ဇန်နဝါရီ(၁၅) စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အတွင်းမှာ အကြမ်းဖက်စစ်တပ် က မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာအတွင်းက ပြည်သူတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စုပေါင်းပြီး မနေ့က ဇန်နဝါရီ (၁၄) ရက်နေ့မှာ သွားရောက်ကူညီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ နဲ့ နဘက်ကျေးရွာ က မီးဘေးသင့်ပြည်သူတွေကို Myaung Union Army-MUA ၊ အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)-M2W နဲ့ မြောင်မြိုနယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM က ပူးပေါင်းကူညီလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၁)ရက်နေ့မှာ နဘက်ကျေးရွာက နေအိမ်(၆)လုံး နဲ့ ဆွဲလဲအိုကျေးရွာ က နေအိမ်(၁၃) လုံးကို စစ်ကောင်စီလက်အောက်ခံ စစ်သားတွေက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့ မှာ ဆက်ကြေးလိုက်တောင်းနေတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ နယ်ထိန်းရဲ တစ်ဦး ကို သုတ်သင်ရှင်းခဲ့တယ်လို့ PYP-MDY က ပြောပါတယ်။ နယ်ထိန်းရဲ သန်းတိုးအောင် ကို ဇန်နဝါရီ (၁၂) ရက် နေ့လည် (၁၂) နာရီကျော် က သုတ်သင်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ Poisonous Young People – MDY အဖွဲ့ ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သန်းတိုးအောင် ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ဆားတောင်မြို့ အနီးမှာရှိတဲ့ PDF ယာယီစခန်း ကို အကြမ်းဖက်စစ်အုပ်စု နဲ့အတူ လူနာတင်ကား အသုံးပြုပြီး စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့တဲ့ သူတွေထဲမှာ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) ကယားပြည်နယ်၊ လွိုင်ကော်မြို့ အတွင်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေက ဂျီနီဗာကွန်ဗန်းရှင်း တွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ တွေအရ စစ်ရာဇဝတ်မှု တွေကို ကျူးလွန်နေတာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ် က ပြောပါတယ်။ KNPP နဲ့ PDF အဖွဲ့တွေဟာ အကျဉ်းသား၊ အကျဉ်းသူ ရာဂဏန်းကျော်ရှိနေတဲ့ လွိုင်ကော်အကျဉ်းထောင် ကို ရည်ရွယ်ချက်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်းတွေ နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေ တွေအရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာ ရောက်ပြီး အဲ့ဒီ စစ်ရာဇဝတ်မှု တွေအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး နဲ့ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေ နဲ့ ထိရောက်စွာအရေးယူနိုင်ဖို့ကို ဆက်လက် ဆောင်ရွက်သွားမှာ…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၁) မင်းအောင်လှိုင် ရဲ့ စစ်ကောင်စီ ဟာ မှန်ကန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းရေး အဖြေရှာတာကို မလိုချင်ဘူးဆိုတာ မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ကို (၄) နှစ် ထပ်မံ အပြစ်ချမှတ်လိုက်တာကို ကြည့်မယ်ဆိုရင် သိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ပြည်သူလူထု ရဲ့ တော်လှန်ရေး အောင်မြင်လာလေလေ အကြမ်းဖက်စစ်အုပ်စု ဟာ ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်၊ သတ်ဖြတ်တာ ပြင်းထန်လာလေလေ ဖြစ်နေတာကို တွေ့ရတယ်လို့ ယာယီသမ္မတက ဒီနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အကြမ်းဖက်စစ်ကောင်စီ ဟာ ကျနော်တို့ ပြည်သူတွေရဲ့ စုစည်းတွန်းလှန်နေတဲ့ ခိုင်မာတဲ့ စိတ်ဓါတ်အင်အားတွေကို…

read more

ရန်ကုန်၊ ဇန်နဝါရီ ၈ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်း ပေါ်မှာ မနေ့ည (၉) နာရီ က ဆိုင်ကယ်လေးစီး နဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်လက်အောက်ခံအဖွဲ့ကို အစုလိုက်မိုင်း (၃) လုံးခွဲကာ တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ PDF က ပြောပါတယ်။ အဲဒီဖောက်ခွဲတိုက်ခိုက်မှုဟာ ဒီဇင်ဘာလ (၂၇) ရက်နေ့ က ပခုက္ကူအကျဉ်းထောင် စစ်ကြောရေး မှာ သတ်ဖြတ်ခံလိုက်ရတဲ့ ကိုမျိုးနိုင် အတွက် လက်တုန့်ပြန်တာလို့ Pakokku North PDF (PKU N PDF) က ထုတ်ပြန်ထားပါတယ်။ ပခုက္ကူမြို့၊ အမှတ်(၃)၊ ကွက်သစ်ရပ်ကွက် မှာ နေထိုင်တဲ့ ကိုမျိုးနိုင် ကို ဒီဇင်ဘာလ (၂၅) ရက်နေ့ က ပခုက္ကူမြို့နယ်…

read more

ရန်ကုန်၊ ဇန်နဝါရီလ (၂) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း အနီး နဲ့ ငွေတောင်ဆည် အနီး ဘုရားငုတ်တိုရွာ အနီးမှာ မနေ့ နေ့လည်ပိုင်းကနေ ညနေပိုင်းကအထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် (၃) ဦး ထိခိုက်ဒဏ်ရာရိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ကရင်နီတပ်မတော် KA၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ KGZ နဲ့ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့တွေက ပူးပေါင်းထိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော် PDF တပ်ဖွဲ့ဝင် (၂) ဦး နဲ့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင် (၁) ဦး တို့…

read more

ရန်ကုန်၊ ဇန်နဝါရီ (၂) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြင့် လာမယ့်အခြေအနေဖြစ်နေလို့ ပြည်သူတွေအနေနဲ့ ခရီးသွားလာတာ မပြုဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။ မနေ့ ညနေပိုင်းက မြို့မရဲစခန်းကပ်ရပ်က ဘုရားစေတီဝိုင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို PDF ပူးပေါင်းတပ်ဖွဲ့တွေ၊ KNDF နဲ့ ကရင်နီတပ်မတော် KA တွေက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်လိုက်လို့ စစ်ကောင်စီဘက်တော်သား (၅) ဦး သေဆုံးသွားခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်‌နေ့က တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ KNDF့ ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေစဉ် ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၂၉) PDF တွေဟာ (၇) လလောက်ပဲလေ့ကျင့်ချိန်ရခဲ့တာတောင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ကူညီပံ့ပိုးမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ နှစ် (၇၀) သက်တမ်းရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်အောင် စွမ်းရည်တိုးတက်လာတာ နေ့စဉ်အကြမ်းဖက် စစ်ကောင်စီတွေရဲ့ ကျဆုံးစာရင်းကိုကြည့်ရင်သိနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောဆိုလိုက်ပါတယ်။ တော်လှန်ရေးကာလမို့ အရင် ဒီမိုကရေစီ ခေတ်အစိုးရလို လုပ်တာကိုင်တာမှန်သမျှ ပွင့်လင်းမြင်သာစွာချပြလို့ မရတဲ့အခြေအနေမျိုးမှာရှိနေပြီး စစ်ရေးကဏ္ဍတွေဆို လျှို့ဝှက်စွာလုပ်ဆောင်ရမယ့် ကဏ္ဍတွေဖြစ်သလို chain of command ကလည်း အင်မတန်အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ အစည်းအဝေးမှာ သူက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီ ရဲ့ အပြစ်မဲ့ပြည်သူတွေကို အခုလို ရက်စက်ကြမ်းကြုတ်မှုတွေ ပြုလုပ်နေတဲ့အပေါ် ဒီထက်ပိုမို ထိထိရောက်ရောက်…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၉) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့၊ မေတ္တာလင်းမြိုင်နဲ့ မယ့်ထော်သလေးကြား (၅) ရက်မြောက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ခွဲမှူး (၂) ဦး၊ ဒုတပ်ခွဲမှူး (၂) ဦးနဲ့ စုစုပေါင်းသေဆုံးသူ (၅၀) ဦး နီးပါးရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PVT က အတည်ပြုရေးသားထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဘက်က ၆၀ မမ (၁) လက်၊ ပစ္စတို (၄) လက်၊ စနိုက်ပါ (၁) လက် ၊ MK1 (၃) လက်၊ MK2 (၃) လက် စုစုပေါင်း (၁၂) လက်၊ လက်ပစ်ဗုံး၊ ကျည်ကပ်တချို့ နဲ့ ကျည်ဆန်တွေ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။…

read more