ရန်ကုန်၊ ဒီဇင်ဘာ(၁၉) နယ်မြေကျူးကျော်ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား (၅) ရက်မြောက် တိုက်ပွဲပြင်းထန်နေပြီး မေတ္တာလင်းမြိုင် နဲ့ မယ့်ထော်သလေးကြား တိုက်ပွဲတွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ တချို့သေဆုံးခဲ့ပြီး စစ်လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံသတင်းတွေဖော်ပြချက်အရ သိရပါတယ်။ “မနက်ကတည်းက စစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ လက်နက်ကြီးတွေ ဖောဖာသီသီသုံးပြီး ပစ်နေပေမယ့်၊ သူတို့ဘက်အသေအပျောက်ရှိတယ်၊ စစ်ကူးလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်တိုက်ခိုက်တာတွေလုပ်ထားတယ်၊ ပိတ်မိနေတဲ့လူတွေကို ကယ်ထုတ်ဖို့ လုပ်နေတယ်” လို့ KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က ၆၀ မမ (၁) လက် ၊ MA1 (၄) လက်၊ Sniper (၂) လက်၊ ပစ္စတို (၂) လက် စုစုပေါင်း လက်နက် (၉) လက်သိမ်းဆည်းထားပြီလို့…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၈) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံပြည်သူ (၅) ဦး ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ကရင်အမျိုးသားမီဒီယာက အတည်ပြုရေးသားထားပါတယ်။ အခုချိန်ထိ လေးကေ့ကော်မြို့ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ် (BGF) နဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၈) မနေ့ညပိုင်းက စခန်းသိမ်းတိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်က (၁) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရရှိခဲ့ပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြာသောင်းဆိပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ၁၀၁၃ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ မနေ့ မနက်ပိုင်းက စတင်ပြီး ညပိုင်းအထိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး…

read more

ရန်ကုန်၊ ဒီဇင်ဘာ (၁၈) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြာသောင်းဆိပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ၁၀၁၃ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ မနေ့ မနက်ပိုင်းက စတင်ပြီး ညပိုင်းအထိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၁) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဘက်က စခန်းမှူးအပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

read more