ရန်ကုန်၊ ဒီဇင်ဘာ (၂၄) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မှန်တော်ရွာ အကျော်မှာ မနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF (Kalay)၊ CDF (KKG) ပူးပေါင်းအဖွဲ့တွေကြား (၃) နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People’s Defence Force(Kalay) အဖွဲ့ဆီက သိရပါတယ်။ (၃) နာရီကျော်ကြား တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပေမယ့် PDF (Kalay)၊ CDF (KKG) ပူးပေါင်းအဖွဲ့ အနေနဲ့ အထိအခိုက်မရှိပဲ တိုက်ပွဲအတွင်းက ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ (၂၃) ရက် တစ်ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံး (၉၂) ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၁၁)…

read more