ရန်ကုန်၊ဇန်နဝါရီ(၂၆) စစ်အာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့ မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ပြသတဲ့အနေ နဲ့ ပြည်သူတွေပြုလုပ်ကြမယ့် Silence Strike (အသံတိတ်သပိတ်) မှာ ပါဝင်သူတွေကို စစ်ကောင်စီအဖွဲ့က သူတို့ထုတ်ပြန်ထားတဲ့ အမိန့် ကြေညာချက်အမျိုးမျိုး နဲ့ အရေးယူဆောင်ရွက်မယ်လို့ မြဝတီမြို့အတွင်း မနေ့ကညနေမှာ လိုက်လံကြေညာခဲ့တယ်လို့ သိရပါတယ်။ “မနေ့ကညနေပိုင်းမှာ ရပ်ကွက်တွေမှာ ကားနဲ့လိုက်အော်တယ်၊ NUG /CRPH/PDF တွေ ဟာ အကြမ်းဖက် အဖွဲ့အစည်းတွေဖြစ်လို့ အဲ့အဖွဲ့တွေ ကို ထောက်ခံပြီး အသံတိတိသပိတ်မှာ ပါဝင်တဲ့ဆိုင်တွေ ကို စည်ပင်ဥပဒေ နဲ့ ဆိုင်တွေကိုပိတ်မယ်၊ လူတွေဆိုရင် သူတို့ထုတ်ထားတဲ့ အမိန့်တွေ နဲ့ အရေးယူမယ်ဆိုပြီး လိုက်ကြေညာတယ်” လို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတစ်ဦး က ပြောပါတယ်။…

read more