ရန်ကုန်၊ဇန်နဝါရီ(၁၀) သာယာလှပပြီး သယံဇတပေါကြွယ်ဝတဲ့ ကချင်ပြည်နယ် မှာ လက်နက်ကိုင် ပဋိပက္ခ တွေ အပြီးတိုင်မချုပ်ငြိမ်းသေးလို့ သဘာဝအလှတရား တွေကို အပြည့်အဝမခံစားနိုင်သေးသလို သဘာဝသဟံဇာတ တွေကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့ အတွက် ပေးပို့တဲ့သဝဏ်လွှာ ထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်း ရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုး ကို ထိရောက်အောင်မြင်နိုင်မှာသာ ငြိမ်းချမ်းရေးရဲ့ အရသာကို သိရှိခံစားပြီးဖြစ်တဲ့ ကချင်ပြည်နယ်အတွင်း နေထိုင်သူတွေအနေ နဲ့ ငြိမ်းချမ်းရေးကို အလွန်တောင်းတနေပြီး…

read more