ရန်ကုန်၊ဇန်နဝါရီ(၁၅) ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပတ်ဆိုခွန် ကအရင်ဘရူးနိုင်းကိုယ် စားလှယ်ရဲ့ချဉ်းကပ်မှုဟာ ဖြစ်ထွန်းမှုမရှိတဲ့အတွက် အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့မြန်မာနိုင်ငံရေးကိုဖြေရှင်းရာမှာ ချဉ်းကပ်မှာဖြစ်တယ်လို့ပြောဆို လိုက်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုသလို ဖြစ်သွားနိုင်တယ်လို့ ဝေဖန်မှုတွေရှိနေချိန်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားကို အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် သဘောတူပြီးသားပါ၊ မြန်မာကိုမသွားခင် တခြားအာဆီယံ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီးသူတို့အမြင်တွေကို မေးခဲ့ဖို့ကောင်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွစ်ဆရီ ဆာအိဖက်ဒင် အဘ္ဘဒူလာ ကပြောပါတယ်။ ဘရူနိုင်းနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ချိန်က အာဆီယံအထူးကိုယ်စားလှယ် စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခွင့်တောင်းခံခဲ့ပေမယ့် စစ်ကောင်စီအဖွဲ့က တွေ့ဆုံခွင့်မပေးခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ စစ်ခေါင်းဆောင် ကိုတက်ရောက်ခွင့်မပြုခဲ့တာဖြစ်ပါတယ်။…
read more
by C8 News
About C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ရေဘေးသင့် ပြည်သူတွေကို ခေါက်ဆွဲခြောက် ၄ ထုပ်၊ အချိုရေ တစ်ဗူးနဲ့ ရေသန့်တစ်ဗူးပေး၊ ပြင်ပအလှူရှင်တွေ အနေနဲ့ အလှူပစ္စည်းတွေ ကော်မတီကို လာအပ်ကြဖို့ တိုက်တွန်း
- ရေးဘီလူးတပ်ဖွဲ့က ရေးမှာစစ်ဆေးရေး ပြုလုပ်နေတဲ့ မြင်ကွင်းတွေ
- အခုလအတွင်း ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ TNLA တပ်ဖွဲ့ဝင်တွေ
- စစ်ခေါင်းဆောင်တွေ အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားတန်ဖိုးထားဖို့ လိုတယ်လို့ အမေရိကန်သံရုံးရန်ကုန် တောင်းဆို
- စစ်ကိုင်းက အခြေခံစစ်သင်တန်းဆင်းပွဲ မြင်ကွင်း