ကယား၊ စက်တင်ဘာ (၃) ကယားပြည်နယ် (ကရင်နီ) မှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဆီက သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
read moreကယား၊ မတ် (၂၃) ကယားပြည်နယ် (ကရင်နီ)၊ လွိုင်ကော်မြို့နယ်က စခန်း (၁၂) ခု၊ဒီးမော့ဆိုမြို့နယ်က စခန်း(၁၃) ခု၊ ဖားဆောင်မြို့နယ်က စခန်း (၉) ခု၊ ဘောလခဲမြို့နယ်က စခန်း(၅) ခု၊ ရှားတောမြို့နယ်က စခန်း (၇) ခု၊ ဖယ်ခုံမြို့နယ်က (၁၇)ခု နဲ့ မယ်စဲ့မြို့နယ်က (၁) ခု၊ ဖရူဆိုမြို့နယ်က (၁) ခု စုစုပေါင်း စစ်ကောင်စီရဲ့ တပ်စခန်း (၆၅) ခုကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ယ်လို့ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF က ဒီနေ့မှာ ပြောပါတယ်။
read moreရန်ကုန်၊ မတ် (၁၆) ကယားပြည်နယ် (ကရင်နီဒေသ) ရှေ့တန်း တစ်နေရာမှာ နေပြည်တော် PDF (တပ်ရင်း805) က ရဲဘော်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့ မြင်ကွင်းတွေကို သတင်းနှင့်ပြန်ကြားရေးရုံး က မနေ့က ရက်စွဲနဲ့ ဖော်ပြထားပါတယ်။
read more“စားသောက်ရတာတော့ လောလောဆယ်တော့ အဆင်ပြေပါသေးတယ်။ အရေးပေါ်အတွက်ဆိုပြီး တစ်အိမ်ထောင် တစ်ပြည်နှုန်းနဲ့ လာဝေပေးတာတွေ ရှိတဲ့အခါကြတော့ လောလောဆယ်တော့ တစ်ရက်၊ နှစ်ရက်စာတော့ တောင့်ခံနိုင်ပါသေးတယ်”လို့ မွေးရပ်မြေကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရတဲ့ ကိုမာတေး က ပြောပါတယ်။
read moreရန်ကုန်၊ ဇန်နဝါရီ (၁) စစ်ကောင်စီက ၂၀၂၂ ခုနှစ်အတွင်း တစ်နိုင်ငံလုံးက အရပ်သားနေအိမ် စုစုပေါင်း (၄၁၃၅၅) လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန က ဒီနေ့မှာ ပြောပါတယ်။
read moreရန်ကုန်၊ဇန်နဝါရီ(၂၂) စစ်ကောင်စီအဖွဲ့တွေဟာ လေကြောင်း နဲ့ လက်နက်ကြီး ပစ်ကူရယူပြီး ကယားပြည်နယ် အတွင်းတိုက်ခိုက်ခဲ့ပေမယ့် အဲ့ဒီတိုက်ခိုက်မှုတွေဟာ အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ဘူး လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန က ငြင်းဆိုလိုက်ပါတယ်။ အခု ဇန်နဝါရီလအတွင်းမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို အကြမ်းဖက်စစ်တပ် က လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာ နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန က အခုလိုငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေဟာ လူနေရပ်ကွက်တွေ အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ၊ ဘာသာရေးအဆောက်အအုံတွေ၊ အစိုးရပိုင် အဆောက်အဦးတွေကို တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေကိုလည်း လူသားတံတိုင်းလို့ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ရာမှာတော့ ပြည်သူတွေထိခိုက်မှုမရှိစေဖို့ အတတ်နိုင်ဆုံး ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့တိုက်ခိုက်မှုကြောင့် လွိုင်ကော်အကျည်းထောင်…
read moreရန်ကုန်၊ ဇန်နဝါရီ (၇) ထိုင်းနိုင်ငံ – ကယားပြည်နယ် နယ်စပ် နန်းပန်ချောင်း အနီးမှာ ရှိတဲ့ စစ်ကောင်စီ ရဲ့ တပ်စခန်း ဖြစ်တဲ့ နတ်တောင်စခန်း ကို ဒီနေ့ မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီတပ်မတော် KA က ပြောပါတယ်။ နတ်တောင်စခန်း သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က အသေအပျောက်များခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအပြီး နာရီဝက်အကြာမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ် တွေ နဲ့ စစ်ကူ လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က KA ရဲ့ ကာကင်းကုန်း တစ်ခုကို ဗုံးကျဲခဲ့ပေမယ့်လည်း ကရင်နီတပ်မတော်က တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။
read moreရန်ကုန်၊ ဒီဇင်ဘာ (၂၉) မြန်မာစစ်တပ်အနေနဲ့ ပြည်သူလူထုအပေါ် အကြမ်းမှုကျူးလွန်ပြီး ပြစ်ဒဏ်ကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် က ဒီနေ့မှာ ပြောကြားပါတယ်။ “မြန်မာပြည်သူတွေ အပေါ် စစ်တပ်ရဲ့ ကျယ်ကျယ် ပြန့် ပြန့် ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေပြီး စစ်တပ်အနေနဲ့ ပြစ်ဒဏ်ခံရတာကနေ ကင်းလွတ်နေတဲ့ အစဉ်အလာကို အမြန် အဆုံးသတ်ဖို့ လိုအပ်နေတယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်” လို့ သူက ပြောပါတယ်။ ကယားပြည်နယ် နဲ့ ကရင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အပေါ် မိမိတို့အနေနဲ့ စိုးရိမ်မိပါတယ်လို့ အန်တိုနီ ဂျေ ဘလင်ကန် ပြောကြားပါတယ်။ ကယားပြည်နယ်မှာ ဒီဇင်ဘာလ…
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်