ရန်ကုန်၊ဇန်နဝါရီ(၂၂) စစ်ကောင်စီအဖွဲ့တွေဟာ လေကြောင်း နဲ့ လက်နက်ကြီး ပစ်ကူရယူပြီး ကယားပြည်နယ် အတွင်းတိုက်ခိုက်ခဲ့ပေမယ့် အဲ့ဒီတိုက်ခိုက်မှုတွေဟာ အပြစ်မဲ့အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ဘူး လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန က ငြင်းဆိုလိုက်ပါတယ်။ အခု ဇန်နဝါရီလအတွင်းမှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကို အကြမ်းဖက်စစ်တပ် က လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့တာ နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန က အခုလိုငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေဟာ လူနေရပ်ကွက်တွေ အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ၊ ဘာသာရေးအဆောက်အအုံတွေ၊ အစိုးရပိုင် အဆောက်အဦးတွေကို တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေကိုလည်း လူသားတံတိုင်းလို့ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်ခဲ့ရာမှာတော့ ပြည်သူတွေထိခိုက်မှုမရှိစေဖို့ အတတ်နိုင်ဆုံး ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့တိုက်ခိုက်မှုကြောင့် လွိုင်ကော်အကျည်းထောင်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၃) ကယားပြည်နယ်၊ လွိုင်ကော်မြို့ အတွင်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ PDF အဖွဲ့တွေက ဂျီနီဗာကွန်ဗန်းရှင်း တွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ တွေအရ စစ်ရာဇဝတ်မှု တွေကို ကျူးလွန်နေတာ ဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ် က ပြောပါတယ်။ KNPP နဲ့ PDF အဖွဲ့တွေဟာ အကျဉ်းသား၊ အကျဉ်းသူ ရာဂဏန်းကျော်ရှိနေတဲ့ လွိုင်ကော်အကျဉ်းထောင် ကို ရည်ရွယ်ချက်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်းတွေ နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေ တွေအရ စစ်ရာဇဝတ်မှု (War Crime)ကျူးလွန်ရာ ရောက်ပြီး အဲ့ဒီ စစ်ရာဇဝတ်မှု တွေအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး နဲ့ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေ နဲ့ ထိရောက်စွာအရေးယူနိုင်ဖို့ကို ဆက်လက် ဆောင်ရွက်သွားမှာ…

read more