ရန်ကုန်၊ ဇန်နဝါရီ (၈) ကရင်ပြည်နယ်၊ မြဝတီမြို့ ကနေ လေယာဉ်ဆီတွေ တင်လာတဲ့ စစ်ကောင်စီ ကားနှစ်စီးကို အာရှလမ်း ကျိုက်ဒုံလမ်းဆုံ အနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က တိုက်ခိုက်တားဆီးလိုက်လို့ တစ်စီးမီးလောင် သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ် ဆီက သိရပါတယ်။ “၆နာရီခွဲကနေ ည ၉နာရီလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ဒီညနေမှာ လေယာဉ်ဆီသယ်ပြီး ပြန်ဆင်းလာတဲ့ ကားနှစ်စီးကို လမ်းကြောင်းဖြတ်တောက်ဖို့ KNLA တပ်ဖွဲ့က သွားတိုက်တာ။ စစ်ကောင်စီက လူထုကို လေယာဉ် နဲ့ ပစ်ခတ်နေလို့ ဒါကို ဖြတ်ဖို့လုပ်တာ” လို့ KNU/KNLA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ မနေ့ ညပိုင်းက အာရှလမ်း အတိုင်း မြဝတီမြို့ ကနေ ကော့ကရိတ်ဘက်ကို…

read more