ရန်ကုန်၊ ဇန်နဝါရီ (၁၈) PDF အဖွဲ့တွေ အနေနဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အသီးတွေမှာ စခန်းချတာ၊ စစ်သင်တန်းဖွင့်လှစ်ပါက ပစ်မှတ်ထားပြီး လေယာဉ် တွေနဲ့ ဗုံးကြဲသွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး တွေက စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ ကြက်တကောင်းရွာ မှာ စာတွေလိုက်လံကပ်ပြီး ကြေညာခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။ “ရပ်မိ၊ ရပ်ဖ တွေအနေနဲ့ နောက်တစ်ခါ PDF တွေကို လက်ခံ အားပေးပါက၊ သင်တန်းဖွင့်ပါက ရွာလုံးကျွတ် ရွှေ့ပြောင်းရမယ်” လို့ ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးမှူး က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီလက်အောက်ခံတွေက PDF တွေနဲ့ ပတ်သက်တဲ့ သတိပေးထုတ်ပြန်စာတွေ မြို့နယ်အတွင်း လိုက်ကပ်တဲ့အချိန်မှာ ဆိုင်ကယ်စီးလာတဲ့ အပြစ်မယ့် ပြည်သူနှစ်ဦးကိုလည်း သေနတ်နဲ့…

read more