ရန်ကုန်၊ဇန်နဝါရီ (၁၂) စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာ နဲ့ မြေနက်ကျေးရွာ ကြားမှာ သေဆုံးခဲ့တဲ့ ပျူစောထီး အလောင်း တွေကို လာကောက်တဲ့ အကြမ်းဖက်စစ်သား တွေ မိုင်းဆွဲခံရလို့ (၇) ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာ နဲ့ သမ္မရိုးကျေးရွာ ကြားမှာ ဇန်နဝါရီ (၁၀) ရက် ညပိုင်းက ပြည်သူတွေဆီက ခေါင်းပုံဖြတ် ကူးသန်းရောင်းဝယ်နေတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ သေဆုံးသွားတဲ့ ပျူစောထီး အလောင်း (၇) လောင်းကို လာကောက်တဲ့ စစ်ယာဉ်တန်း ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို အရာတော်မြို့နယ်တော်လှန်ရေး အင်အားစု (ARA) က ဗိုလ်ရောင်နီ နဲ့ ဗိုလ်ယက္ခ ဦးဆောင်တဲ့…

read more