ရန်ကုန်၊ ဒီဇင်ဘာ (၂၄) စစ်ရာဇဝတ်ကောင် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေက လက်နက်ကိုင် ပဋိပက္ခ ကာလအတွင်း ဘယ်အခြေအနေမှာ မဆို နှစ်ဘက်တပ်ဖွဲ့တွေ မဖြစ်မနေ လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစားနာမှု ဥပဒေကို ကျူးလွန်ဖောက်ဖျက်နေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေ့တိုင်းနီးပါး ကလေးတွေနဲ့ သက်ကြီးတွေကိုပါမချန် အပြစ်မရှိတဲ့ ပြည်သူတွေကို မြင်တာနဲ့ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး ဥပဒေမဲ့ ထင်ရာခိုင်းနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အပါအဝင် အနောက်မြောက်ပိုင်းဒေသတွေကို စစ်တပ်က အနော်ရထာစစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ကြည်း၊ ရေ၊…

read more