ရန်ကုန်၊ ဇန်နဝါရီ (၂၄) ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်းမပေါ်မှာရှိတဲ့ သီရိမင်္ဂလာဈေး စည်ပင်ရုံးရှေ့မှာ မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို တချိန်ထဲမှာပဲ သေနတ်ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့တယ်လို့ ဈေးသူ၊ ဈေးသားတွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ စည်ပင်ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်ခဲ့လို့လည်း ကုန်တင်ကုန်ချပြုလုပ်နေတဲ့ ပြည်သူတစ်ဦး သေနတ်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ရဲ့ လက်အောက်ခံတွေ နဲ့ ဒေါက်တိုင်တွေကို ပုံစံအမျိုးမျိုး နဲ့ တော်လှန်ရေးအင်အားစု တွေ က သုတ်သင်ရှင်းလင်းနေတာ ဖြစ်ပါတယ်။

read more