ရန်ကုန်၊ ဇန်နဝါရီ (၁၈) တောင်ပစိဖိတ်သမုဒ္ဒရာ ထဲက ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ တွန်ဂါနိုင်ငံ မှာ မီးတောင်ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ခဲ့ပြီး ဆူနာမီလှိုင်း ရိုက်ခတ်ခဲ့တယ်လို့ ကုလသမဂ္ဂ က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။ တွန်ဂါ အစွန်အဖျား မှာရှိတဲ့ ကျွန်းငယ်တွေဟာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့နေရပြီးကျွန်းကို ရိုက်ခတ်ခဲ့တဲ့ ဆူနာမီလှိုင်း လုံးကြီးတွေဟာ ၅-၁၀ မီတာ (၁၅-၃၀ ပေ) ရှိတယ်လို့ တွန်ဂါ ရေတပ် က ပြောကြားခဲ့ပါတယ်။ ဆူနာမီ ဖြစ်ခဲ့လို့ ဆက်သွယ်ရေး ပြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရပြီး ပြာမှုန်တွေ ဖုံးလွမ်းသွားတဲ့ တွန်ဂို နိုင်ငံတကာ လေဆိပ်မှာ ပြာမှုန့်တွေ ထူထပ်စွာ ဖုံးလွမ်းနေလို့ နိုင်ငံတကာကယ်ဆယ်ရေး လုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။ အဆောက်အဦးတွေ ပြိုကျပျက်စီးပြီး သေဆုံးသူ နှစ်ဦးရှိခဲ့တယ်ဆိုတာကို…

read more

ရန်ကုန်၊ ဒီဇင်ဘာ(၃၀) ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေဖြစ်တဲ့ ဒယ်လ်တာ (Delta) နဲ့ အိုမီခရွန် (Omicron) တို့ဟာ တစ်ပြိုင်နက်တည်း ပျံနှံနေပြီး “ကူးစက်မှု ဆူနာမီလှိုင်းလုံးကြီး” တစ်ခုကို ဖန်တီးနေတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရို အဒ်ဟမ်နို ဂတ်ဘရေဆက် (Tedros Adhanom Ghebreyesus) က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ “ဒယ်လ်တာရော အိုမီခရွန်ရော နှစ်ခုလုံးဟာ ရောဂါကူးစက်မှုတွေကို စံချိန်တင်မြင့်တက်သွားအောင်လုပ်ပြီး ပူးတွဲ ခြိမ်းခြောက်နေတယ်။ နောက်ပြီးဆေးရုံတင်ကုသရမှုတွေ၊ သေဆုံးမှုတွေ တိုးလာအောင်လဲ ဝိုင်းပြီးထိုးနှက်နေကြပါတယ်။ အိုမီခရွန် ဆိုရင် ဒယ်တာလိုပဲ အလွန် လျင်မြန်စွာ ကူးစက်ပြီး ပျံ့နှံနိုင်လို့၊ ရောဂါကူးစက်မှုတွေဟာ ဆူနာမီလှိုင်းလုံးကြီးလို ဖြစ်သွားမှာကို ကျွန်တော် အရမ်းစိုးရိမ်မိပါတယ်” လို့ တက်ဒရိုက…

read more