ရန်ကုန်၊ ဇန်နဝါရီ (၁၃) ညမထွက်ရအမိန့် (Curfew) သတ်မှတ်ထားတဲ့ နယ်မြေဒေသ တွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ အရေးပေါ်လူနာ သွားလာရေး နဲ့ ပတ်သက်ပြီးတော့ အတားအဆီးမရှိ သွားလာလို့ရအောင် လူနာပါရှိတဲ့ ကားပေါ်မှာ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါရှိပါက ညဘက်အပြင်သွားလာခွင့်ပြုမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ “ညမထွက်ရမြို့ တွေက အရေးပေါ် သွားလာမှုနဲ့ ပတ်သက်ပြီး ညမထွက်ရမြို့ တွေကျတော့ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ဟိုတား ဒီတား တားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်က၊ ဟုတ်က အမြတ်ထုတ်ပြီး မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲ့တော့ ဒါကိုလည်း ကျွန်တော်တို့က အရေးပေါ်လူနာ သွားလာ ရေး…

read more