ရန်ကုန်၊ မေ (၁) စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့ မနက် (၁) နာရီဝန်းကျင်က (၄၅) မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

read more

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂) ဒီနေ့ မနက် (၆) နာရီဝန်းကျင်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ လွယ်ပါသာဘုရားတောင် နဲ့ ကုန်းဆုံဘုရားတောင် မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDF Pekhon က ပြောပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၂၄) (၁၀) နာရီကျော်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပြည်သူတွေရဲ့ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဟိုဖိတ်ကျေးရွာ နဲ့ စိုက်ကွင် (၂) ကျေးရွာ ကြားမှာ မနေ့ မနက် (၈) နာရီက ကနေ ညနေ (၆) နာရီကျော်ကြာတဲ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူများပြားခဲ့ပြီး စစ်ကောင်စီဘက်ဖွဲ့ဝင် တွေက ပြည်သူနေအိမ် (၉) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၂) ရက်နေ့လည်ပိုင်းကလည်း ဟိုဖိတ်ကျေးရွာ နဲ့ သပြေတောကျေးရွာ အတွင်းမှာလည်း…

read more

ရန်ကုန်၊ ဇန်နဝါရီ (၅) ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ် ဘက်မှာ ဒီနေ့ မနက်အစောပိုင်းက တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေရှိခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေ နဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တဲ့အတွက် လေးကေ့ကော်မြို့သစ် အတွင်းက နေအိမ်တချို့ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို သတင်းနှင့်ပြန်ကြားရေးဌာနက ပြန်လည်ဖော်ပြခဲ့ပါတယ်။ဒီနေ့ မနက် လေးကေ့ကော်တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က (၄) ဦး သေဆုံးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၅) စစ်ဝန်တောင် အတက်လမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုရင်းမှူးအပါအဝင် (၁၆) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်နီတပ်မတော်ဗဟိုဌာန Karenni Army Center က ပြောပါတယ်။ ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ စစ်ဝန်တောင် အတက် လမ်းမကြီးပေါ်မှာ မနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်တွေ နဲ့ ကရင်နီတပ်မတော် ကြား နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဝန်တောင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆) ဦး ထက်မနည်း သေဆုံးခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ စစ်ဝန်တောင်စခန်း ကို ထားခဲ့ပြီး ထွက်ပြေးသွားတာ ဖြစ်တယ်လို့ KnACက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာ သူတို့ စစ်ကြောင်းသွားမယ့်လမ်းကို လက်နက်ကြီးနဲ့ပစ်ပြီး ရှင်းလင်းတာ၊ ဘူဒိုဇာ နဲ့ ဘက်ဟိုးယာဉ်…

read more

ရန်ကုန်၊ ဇန်နဝါရီ (၅) ကယားပြည်နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ ရဲ့ လက်နက်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်လိုက်ပါတယ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နဲ့ ငွေတောင်ဆည် အနီးမှာ စစ်ကောင်စီတပ် တွေ နဲ့ ဒေသခံတိုင်းရင်းသားကာကွယ်ရေးတပ်ဖွဲ့ တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

read more