ရန်ကုန်၊ ဖေဖော်ဝါရီ (၂) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေပဟာ ပြည်ပ ပယောဂအနှောင့် အယှက်တွေ ကင်းရှင်းစေဖို့နဲ့ ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်တွေကို တရားဥပဒေဘောင် အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။
read moreရန်ကုန်၊ ဇန်နဝါရီလ (၈) တပ်မတေော် အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နဲ့ ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်ကို တိကျစွာ လိုက်နာပေမယ့် တပ်မတော် ရဲ့ လှုပ်ရှားမှု စစ်ကြောင်းတွေ နယ်မြေလုံခြုံရေး နဲ့ နယ်မြေစိုးမိုးရေးစခန်း တွေကို လာရောက်ထိခိုက်တဲ့အတွက် ထိရောက်ပြင်းထန်စွာ မိမိကိုယ်မိ ခုခံကာကွယ်ပိုင်ခွင့်၊ တုန်ပြန်ဖို့ အခွင့်အရေးကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ပြောပါတယ်။ နယ်စပ်ဒေသတည်ငြိမ်ရေး နဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို နေ့ညမပြတ် ဆောင်ရွက်နေပေမယ့် အကြမ်းဖက်အဖွဲ့တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အလစ်အငိုက်ရယူပြီး နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းဆွဲ တိုက်ခိုက်တာတွေ အပြင် အများပြည်သူသွားလာနေတဲ့ နယ်စပ်လမ်းတစ်လျှောက် အဖျက်အမှောက်လုပ်ရပ်တွေကိုပါ လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ သူတို့ က ဒီနေ့မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။…
read moreရန်ကုန်၊ ဇန်နဝါရီလ (၂) ထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးလာနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ တာဝန်ရှိသူ၊ သက်ဆိုင်သူအားလုံးက မှန်ကန်တဲ့ စိတ်ရင်းစေတနာ၊ ပြင်းပြသောဆန္ဒတွေနဲ့ တက်ညီလက်ညီစုပေါင်း အကောင်အထည်ဖော်ကြဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ သူက ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတော်ကို စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းလာစေဖို့အတွက် အဓိကအခြေခံအချက်ဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါး ကို တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်တဲ့ စုပေါင်းအင်အားနဲ့ နိုင်ငံတော်ကို…
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်