ရန်ကုန်၊ ဇွန် (၆) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၂) ရပ်ကွက်၊ ကျန်စစ်သားလမ်းမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးရှေ့မှာ မနေ့ ည (၇) နာရီကျော်က ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက ပြောပါတယ်။
read moreရန်ကုန်၊ ဇန်နဝါရီ (၅) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် နဲ့ ခရမ်းမြို့နယ် တွေမှာ ဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ မြောက်ဥက္ကလာပမြို့နယ် နဲ့ ခရမ်းမြို့နယ် မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဆီ နဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မှာ ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
read moreရန်ကုန်၊ ဒီဇင်ဘာ(၂၈) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၁၇) ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်က ရထားသံလမ်း အကူးအနီး မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရွှေတိဂုံဘုရား တောင်ဘက်မုဒ် နဲ့ ထန်းတပင်-လှိုင်သာယာလမ်းဘေး တွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “(၁၁၇)ရပ်ကွက် ရထားလမ်းကူး ရထားဇလီဗာတုံးတွေကြားမှာ ပေါက်တာ၊ လူထိတာတော့မရှိသလို သံလမ်းလည်းမပျက်စီးဘူး၊ စစ်ခွေးတွေတော့ လာစစ်သွားတယ်” လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာနေထိုင်တဲ့ အမည်မဖော်လိုသူက ပြောပါတယ်။ ဒီနေ့နေ့လည် (၁) နာရီဝန်းကျင်က ရွှေတိဂုံဘုရားတောင်ဘက်မုခ်၊ ကျောက်စိမ်းဓမ္မာရုံ နဲ့ ယစ်မျိုးဓမ္မာရုံကြားမှာ မသင်္ကာဖွယ် အထုပ်တွေ့လို့ စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းမှာဘဲ ထန်းတပင်-လှိုင်သာယာလမ်းဘေးမှာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်ခုကို တွေ့ရှိရတဲ့အတွက် စစ်ကောင်စီအဖွဲ့က လာရောက်ရှင်းလင်းချိန် အဲ့ဒီအထုပ်အတွင်း ဘောစေ့တွေ၊ လက်လုပ်ယမ်းတွေပါရှိတဲ့…
read moreရန်ကုန်၊ ဒီဇင်ဘာ(၂၀) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက် က ကျောင်းဆရာမတစ်ဦးကို ဒီနေ့မနက်ပိုင်းမှာ အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေဆီ က သိရပါတယ်။ “အပစ်ခံရတဲ့ ဆရာမက ဒေါ်နီလာရွှေ တဲ့၊ အငြိမ်းစားယူထားတာ၊ မနက်ဈေးသွားနေတုန်း အနောက်ကနေပစ်သွားတာ။ ကျည်ဆံတော်တော်ထိသွားတယ်ကြားတယ်၊ ဆေးရုံကိုပို့နေတုန်းလမ်းမှာ သေသွားပြီ” လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၅) ရက်နေ့ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အထက (၂) ကျောင်းကိုသွားဖို့ အငှားယာဉ်တက္ကစီနဲ့ ထွက်လာတဲ့ အထက်တန်းပြဆရာမ ဒေါ်လှလှသန်း ကို မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် သုဓမ္မာလမ်း နဲ့ နွယ်နီလမ်းထောင့်မှာ မီးပွိုင့်မိနေချိန် အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့ပါသေးတယ်။
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်