ရန်ကုန်၊ ဇန်နဝါရီ (၁) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒီနေ့ ညနေ ၄ နာရီ ကျော်က တိုက်ပွဲထပ်မံ ဖြစ်ခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ ဆီက သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်းမှာ အမာခံတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)နဲ့ တခြားသော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့သလို ငွေတောင်အုပ်စုဘက်ကနေ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကိုလဲ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ဒဏ်ရာ ရရှိနိုင်တာရှိသလို မိမိတို့ မဟာမိတ်ပူးပေါင်းတပ်ဘက်ကလည်း မစိုးရိမ်ရထိခိုက်သူ တချို့ရှိခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် က ထုတ်ပြန်ထားပါတယ်။ အခုချိန်အထိ တိုက်ပွဲဆက်ဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီက အဓိကလက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့…

read more