ရန်ကုန်၊ ဇန်နဝါရီ (၁၀) အကြမ်းဖက် စစ်ကောင်စီ ရဲ့ လွိုင်ကော်အမြှောက်တပ် က မနေ့ည (၉) နာရီ ဝန်းကျင်မှာ လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့လို့ ကယားပြည်နယ်၊ နန်းမယ်ခုံမြို့၊ မြို့မရှမ်းရပ်ကွက် အတွင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီအသံကြားလို့ ပြည်သူတစ်ဦး နှလုံးရပ်သေဆုံး သွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။ သေဆုံးသူ အမျိုးသမီး ဟာ အသက် (၅၅) နှစ်ရှိပြီ ဖြစ်ပါတယ်။ မနေ့ည (၉) နာရီဝန်းကျင်ကပဲ ဒီးမော့ဆိုမြို့နယ် ဘက်ကိုလည်း လွိုင်ကော်အမြှောက်တပ် က လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေါငံခါးရပ်ကွက် က ပြည်သူပိုင်အိုးအိမ် တချို့ ပျက်စီးခဲ့ရတယ်လို့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။…

read more