ရန်ကုန်၊ ဒီဇင်ဘာ (၂၈) ပြီးခဲ့တဲ့ အပတ်က ပရီးမီးယားလိဂ် က ကစားသမားတွေနဲ့ ဝန်ထမ်းတွေကြားမှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူ (၁၀၃) ဦး တွေ့ရှိခဲ့ရတယ်လို့လိဂ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီးနောက်မှာ ခရစ်စမတ် နဲ့ နှစ်သစ်ကူး ပွဲတော်ရက်တွေအတွင်းပြုလုပ်မယ့် ပွဲစဉ်တွေကို ရွေ့ဆိုင်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၀) ရက်နေ့ တနင်္လာနေ့ ကနေ (၂၆) ရက် တနင်္ဂနွေနေ့အထိ ကစားသမားတွေနဲ့ ကလပ်ဝန်ထမ်း စုစုပေါင်း (၁၅,၁၈၆) ဦး ကို ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မနေ့က အတည်ပြုပြောကြားခဲ့ပြီး အဲဒီအထဲက ရောဂါကူးစက်သူ (၁၀၃) ဦး တွေ့ရှိခဲ့တာဖြစ်တယ် လို့ လိဂ်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ မူရင်းသတင်း-https://www.channelnewsasia.com/sport/premier-league-had-record-103-covid-19-cases-past-week-2403236?fbclid=IwAR3T9sLT3TbyF6F5MsZnXpjySwbbxXCwlr73G6qVwtwgSOsnrEyDehSfb_E

read more