ရန်ကုန်၊ ဒီဇင်ဘာ(၂၀) စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းမှာ ဒီဇင်ဘာ(၁၈) ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲမှာ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က တပ်သား (၁) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ရေကြောင်း၊ ကုန်းကြောင်းကတဆင့် လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာချိန် တပ်သား မင်းခန့်ကျော် ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရမိပြီး အနီးကပ်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော် မင်းခန့်ကျော် ဟာ အသက်(၁၈) နှစ် မပြည့်သေးသူတစ်ဦးဖြစ်ပြီး မနေ့က ဒီဇင်ဘာ(၁၉) ရက်နေ့မှာ ဈာပနကျင်းပပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ဆီကသိရပါတယ်။

read more