ရန်ကုန်၊ ဇန်နဝါရီ (၁) KNU အဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်လိုက်လို့ (၂) ရက်အတွင်း စစ်ကောင်စီတပ်သား (၉) ဦးသေခဲ့ပြီး (၁၂) ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ KNU က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကို မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မောကလိုးကျေးရွာ အနီးမှာ ဒီဇင်ဘာ (၂၉) ရက် နေ့လည်ပိုင်းက တစ်ကြိမ်၊ ဒီဇင်ဘာလ (၃၀) ရက် မင်းလွင်ကျေးရွာ အုပ်စု ဝမ်းဘဲအင်းတောင်ခြေ မှာ တစ်ကြိမ် နဲ့ ဘီလင်းမြို့နယ်၊ နိုဘယ်ဘောကျေးရွာ အုပ်စု၊ လေးခေါ့ထေကျေးရွာ အနီးမှာ တစ်ကြိမ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်မှ ထိခိုက်ဒဏ်ရာရှိမှု မရှိဘူးလို့လဲ သိရပါတယ်။
read moreရန်ကုန်၊ ဒီဇင်ဘာ (၃၁) တောင်စွန်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆီက သိရပါတယ်။ “အာဏာသိမ်း စစ်ကောင်စီတပ်က အကြောင်းမကြားပဲနဲ့ တောင်းစွန်းကျေးရွာ အပြင်ဘက်ကို ထွက်သွားတာ။ ရွာရဲ့ ချောင်းတစ်ဖက်ကမ်း ဖူးဖာဒို့ နတ်စင်မှာရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်နဲ့ တိုက်ပွဲဖြစ်တာ၊ (၅)မိနစ် လောက်ပဲ ကြာတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒီနေ့ မနက် (၈) နာရီကျော်က စစ်ကောင်စီတပ် ခလရ ၂၈၃ တပ်ရင်း နဲ့ KNLA တပ်ရင်း ၁၆ ၊ လက်အောက်ခံ တပ်ခွဲ ၂ တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးတွေ နဲ့…
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်