ရန်ကုန်၊ဖေဖော်ဝါရီ(၁၀) မကွေးတိုင်းဒေသကြီး အတွင်း တမာပင်များစွာရှိတဲ့အတွက် တမာပင်တွေကနေ ပိုးသတ်ဆေးတွေ ထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးချလို့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီ (၁၁) မြန်မာနိုင်ငံအတွင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့နဲ့ ဒိန်းမတ်နိုင်ငံ က ဒိန်းမတ် ခရိုနာ (၂၅) သန်း (အမေရိကန်ဒေါ်လာ ၃ဒဿမ၈ သန်း) ကို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တစ်ဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “မြန်မာနိုင်ငံက ပြည်သူတွေ အကူအညီအလိုအပ်ဆုံးအချိန်မှာ WFP ရဲ့ အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပေးရေးလုပ်ငန်းတွေမှာ ပါဝင်ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ကံအားလျော်စွာပဲ လိုအပ်ချက်တွေ ပိုမိုများပြားလာပေမယ့် ဒိန်းမတ်နိုင်ငံရဲ့ အထောက်အပံ့ဟာ တကယ့်ကိုလိုအပ်‌နေတဲ့လူတွေကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး ရဲ့ သံရုံးအကြီးအကဲ ဖြစ်သူ Mr Anders Graugaard က ပြောပါတယ်။…

read more

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ မကွေးတိုင်းဒေသကြီး ကြားမှာရှိတဲ့ ပုံတောင်မြေဒေသ မှာ ဒီနေ့ မနက်အစောပိုင်းက အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ဗိုလ်နဂါးအဖွဲ့ က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ ဆီက ပြောပါတယ်။ ပုလဲမြို့နယ်ဘက်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းကို ဗိုလ်နဂါးအဖွဲ့ က ၅၈ မိုင် နဲ့ ၅၉ မိုင်ကြားမှာ အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာပါလာတဲ့ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ အင်တောပြန့်ကျေးရွာ အနီး နဲ့ ခင်အေးကျေးရွာ အနောက်ဘက်မှာ တစ်ကြိမ်ဆီ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတွေ သေဆုံးခဲ့တဲ့အပြင် ကားတစ်စီးလည်း ပျက်စီး…

read more