ရန်ကုန်၊ ဒီဇင်ဘာ(၂၃) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပတောင်းမြို့နယ် အတွင်းမှာ ဒီနေ့မနက်ပိုင်းက ရထားသံလမ်းပေါက်ကွဲမှုဖြစ်လို့ စစ်ကောင်စီအဖွဲ့က လာရောက်စစ်ဆေးချိန် နောက်မိုင်းတစ်လုံးထပ်မံ ပေါက်ကွဲခဲ့တာကြောင့် စစ်သား(၂)ဦး မိုင်းထိမှန်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ကံပေါက်ရွာနားက သံလမ်းမှာပေါက်တာ၊ စစ်သားတွေ လာစစ်ချိန် နောက်ထပ်မိုင်းထပေါက်တာ၊ သူတို့ရှိလို့အနားတော့သွားမကြည့်ရဲကြဘူး၊ လူနာတင်ကားနဲ့ တင်နေတာတွေတွေ့ရတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။ ကျောက်ပတောင်း-ပျဉ်းမနား ရထားလမ်း မိုင်တိုင်အမှတ် (၃၆၁/၁၁-၁၂) ကြားမှာရှိတဲ့ ရထားခုံးကျော်တံတားကို မိုင်းထောင်ဖောက်ခွဲခဲ့လို့ စစ်ကောင်စီအဖွဲ့ကလာရောက် စစ်ဆေးနေချိန် သံလမ်းမှာ ထပ်ပြီးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မြစ်ကြီးနား စတဲ့ မြို့ကြီးတွေနဲ့ ဆက်စပ်တဲ့ မီးရထားလမ်းတွေမှာ မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။
read more
by C8 News
About C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်