ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မိုးကောင်းစစ်ဆေးရေးဂိတ် မှာ ဒီနေ့ နေ့လည်(၂) နာရီကျော်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ဗုံးဖောက်ခွဲမှုကို မုံရွာမြို့နယ်က ညီနောင်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တခြားသောနေရာတွေမှာလည်း ဗုံးဖောက်ခွဲမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ညနေ (၄) နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ Monywa Heroes Group က သတိပေး ပြောကြားထားပါတယ်။ ဒီနေ့ နေ့လည်ပိုင်းကလည်း မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

read more

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်က မြန်မာ့စီးပွားရေးဘဏ် နဲ့ မြို့တော်ခန်းမ စစ်ကောင်စီကင်းတဲစခန်း တွေမှာ ဒီနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ အဲ့ဒီဗုံးဖောက်ခွဲမှု နှစ်ကြိမ်စလုံးကို ညီတော်မဟာမိတ်အဖွဲ့တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ကျဆုံးသူအရေအတွက်ကို မသိရှိရသေးဘူးလို့ Special Regional Attacks Forces-MWA က သူရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။ မုံရွာမြို့က ပြည်သူတွေအနေနဲ့ ဒီနေ့ ညနေ (၄) နာရီက စတင်ပြီး အပြင်မထွက်ဖို့ကိုလည်း Special Regional Attacks Forces-MWA အဖွဲ့က ဒီနေ့ မနက်ပိုင်းက အသိပေးပြောကြားထားပါသေးတယ်။

read more