ရန်ကုန်၊ဇွန်(၃) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်း ကို မနေ့က(ဇွန်၂)ရက် ညပိုင်းမှာ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတချို့က လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

read more

ရန်ကုန်၊ဇွန်(၂၃) စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ မြို့မရဲစခန်း ကို ဒီနေ့မနက် အစောပိုင်း (၂) နာရီကျော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့လို့ စစ်သားနဲ့ ရဲ စုစုပေါင်း (၅) ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။

read more

ရန်ကုန်၊ ဇန်နဝါရီလ (၂) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း အနီး နဲ့ ငွေတောင်ဆည် အနီး ဘုရားငုတ်တိုရွာ အနီးမှာ မနေ့ နေ့လည်ပိုင်းကနေ ညနေပိုင်းကအထိတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဝင် (၃) ဦး ထိခိုက်ဒဏ်ရာရိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ကရင်နီတပ်မတော် KA၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ KGZ နဲ့ အလယ်ပိုင်းတိုင်း အထူးတိုက်ခိုက်ရေးအဖွဲ့တွေက ပူးပေါင်းထိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော် PDF တပ်ဖွဲ့ဝင် (၂) ဦး နဲ့ ဖယ်ခုံ PDF တပ်ဖွဲ့ဝင် (၁) ဦး တို့…

read more

ရန်ကုန်၊ ဇန်နဝါရီ (၁) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဒီနေ့ ညနေ ၄ နာရီ ကျော်က တိုက်ပွဲထပ်မံ ဖြစ်ခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ ဆီက သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်းမှာ အမာခံတပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)နဲ့ တခြားသော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့သလို ငွေတောင်အုပ်စုဘက်ကနေ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကိုလဲ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ဒဏ်ရာ ရရှိနိုင်တာရှိသလို မိမိတို့ မဟာမိတ်ပူးပေါင်းတပ်ဘက်ကလည်း မစိုးရိမ်ရထိခိုက်သူ တချို့ရှိခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် က ထုတ်ပြန်ထားပါတယ်။ အခုချိန်အထိ တိုက်ပွဲဆက်ဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီက အဓိကလက်နက်ကြီးတွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့…

read more