ရန်ကုန်၊ ဇန်နဝါရီ(၁၄) တစ်နိုင်ငံလုံး အတိုင်းအတာအနေ နဲ့ ငြိမ်းချမ်းရေးရရှိမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ ငြိမ်းချမ်းရေးမရရှိပါက မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲပြုလုပ်နိုင် မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် အဖွဲအစည်း အားလုံး ဥပဒေ နဲ့ အညီ ပါဝင်လာမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ ဖြစ်တယ်၊ အခုနှစ် ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးရရှိစေဖို့ အထူးအလေးထား ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မနေ့က တနင်္သာရီတိုင်းဒေသကြီး အစည်းအဝေးပွဲမှာ သူက ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း…

read more