ရန်ကုန်၊သြဂုတ်(၆) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ နေထိုင်တဲ့ သတင်းပေးဒလန် အဖြစ် သတ်မှတ်ခံထားရသူတွေ နေ့စဉ်ဆိုသလို ပစ်ခတ်ရှင်းလင်းခံနေရပြီး မနေ့ သြဂုတ်လ(၅)ရက်နေ့မှာ (၂)ဦး ပစ်ခတ်ခံရကာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
read moreရန်ကုန်၊ဇွန်(၂၁) စစ်တပ်ကို သတင်းပေးပို့နေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရီကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးနိုင်မိုး ကို မနေ့ညပိုင်းက အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
read moreရန်ကုန်၊ မေလ (၁၇) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ရွာမှာ စစ်ကောင်စီ သတင်းပေးဒလန်လို့ နာမည်ထွက်နေတဲ့ အမျိုးသားသေနတ်နဲ့ ပစ်ခံရကာ သေဆုံးသွားတယ်လို့ Patheingyi Information အဖွဲ့က သိရပါတယ်။
read moreရန်ကုန်၊ ဒီဇင်ဘာ(၁၉) နယ်မြေကျူးကျော်ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေကြား (၅) ရက်မြောက် တိုက်ပွဲပြင်းထန်နေပြီး မေတ္တာလင်းမြိုင် နဲ့ မယ့်ထော်သလေးကြား တိုက်ပွဲတွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေ တချို့သေဆုံးခဲ့ပြီး စစ်လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံသတင်းတွေဖော်ပြချက်အရ သိရပါတယ်။ “မနက်ကတည်းက စစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ လက်နက်ကြီးတွေ ဖောဖာသီသီသုံးပြီး ပစ်နေပေမယ့်၊ သူတို့ဘက်အသေအပျောက်ရှိတယ်၊ စစ်ကူးလမ်းကြောင်းတွေကိုလည်း ဖြတ်တောက်တိုက်ခိုက်တာတွေလုပ်ထားတယ်၊ ပိတ်မိနေတဲ့လူတွေကို ကယ်ထုတ်ဖို့ လုပ်နေတယ်” လို့ KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဘက်က ၆၀ မမ (၁) လက် ၊ MA1 (၄) လက်၊ Sniper (၂) လက်၊ ပစ္စတို (၂) လက် စုစုပေါင်း လက်နက် (၉) လက်သိမ်းဆည်းထားပြီလို့…
read moreရန်ကုန်၊ ဒီဇင်ဘာ (၁၉) မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မနေ့က တစ်ရက်ထဲ စစ်ကောင်စီဘက်က သေဆုံးသူ (၅၆) ဦး နဲ့ ထိခိုက်ဒဏ်ရာရှိသူ (၁၉) ဦး ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က သိရပါတယ်။ မနေ့က စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ လူထုသပိတ်တိုက်ပွဲတွေက အခုလို တိုင်းဒေသကြီး အသီးသီးမှာ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)…
read moreရန်ကုန်၊ဒီဇင်ဘာ(၁၉) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ မဟာမြိုင်လမ်း နဲ့ ဗန္ဓုလလမ်းထောင့် အနီးမှာ အမျိုးသားတစ်ဦးကို အမည်မသိသူတွေက ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲလို့ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “အပစ်ခံရတဲ့ လူနာမည်က ဝင်းနိုင် တဲ့၊ ဈေးကပြန်လာတုန်း အနောက်က ကားပေါ်မှာ ပါလာတဲ့လူတွေက ပစ်သွားတာ၊ လေးငါးချက်လောက်ရှိတယ်၊ ပွဲချင်းပြီးသေတယ်၊ ဘာကြောင့်ပစ်လဲဆိုတာတော့ မသိဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။ စစ်အာဏာရှင်ကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစု တွေက စစ်တပ်ရဲ့သြဇာခံ သတင်းပေးဒလန်တွေကို ပစ်ခတ်ရှင်းလင်တာတွေရှိနေသလို စစ်တပ်လက်ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တွေဆိုသူတွေကလည်း ပစ်ခတ်လုပ်ကြံတာတွေလည်း ရှိနေပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရွှေပြည်သာမြို့နယ်က ဦးဝင်းနိုင် ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ C8News Media အနေနဲ့ ဘာကြောင့်ပစ်ခတ်ဆိုတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
read more-
« Previous
1
2
About C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်