ရန်ကုန်၊ ဇန်နဝါရီ (၂၄) ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်းမပေါ်မှာရှိတဲ့ သီရိမင်္ဂလာဈေး စည်ပင်ရုံးရှေ့မှာ မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို တချိန်ထဲမှာပဲ သေနတ်ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့တယ်လို့ ဈေးသူ၊ ဈေးသားတွေက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ စည်ပင်ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်ခဲ့လို့လည်း ကုန်တင်ကုန်ချပြုလုပ်နေတဲ့ ပြည်သူတစ်ဦး သေနတ်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ရဲ့ လက်အောက်ခံတွေ နဲ့ ဒေါက်တိုင်တွေကို ပုံစံအမျိုးမျိုး နဲ့ တော်လှန်ရေးအင်အားစု တွေ က သုတ်သင်ရှင်းလင်းနေတာ ဖြစ်ပါတယ်။
read moreရန်ကုန်၊ ဇန်နဝါရီ (၂၂) စစ်ကောင်စီက သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ပြည်သူတစ်ဦး ဦးခေါင်းသေနတ်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။ အခုလ ဇန်နဝါရီ (၂၀) ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ- ချောင်းဦးလမ်း တစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး (၄) ချက်၊ သေနတ်အချက်အပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူတစ်ဦး ဦးခေါင်းသေနတ်ထိမှန် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHUPDF က ပြောပါတယ်။ “ပြည်သူတစ်ဦး ဦးခေါင်းသေနတ်ထိမှန် သေဆုံးကြောင်းကြားရတာ ကျွန်ုပ်တို့ညီနောင်အဖွဲ့တွေ အနေနဲ့ စိတ်မကောင်းခြင်းများစွာ နဲ့ ဝမ်းနည်းကြေကြွဲရတယ်” ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ အကြမ်းဖက် လက်နက်ကိုင်တွေရဲ့ အနီးဝန်းကျင်ကို သွားလာ…
read moreAbout C8 News
၂၀၂၀ ခုနှစ်မှာ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လိုင်စင်ရရှိထားသည့် သတင်းဌာန ဖြစ်ပါသည်။၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သိသင့်သိထိုက်သည့် သတင်းများကို တိကျမှန်ကန်စွာ ဖော်ထုတ်၊ ရေးသား၊ တင်ဆက်နေသည့် သတင်းဌာန ဖြစ်ပါသည်။
Please Subscribe Our YouTube Channel
ဆက်သွယ်ရန်
ph: +66 95 352 9680
email: c8ightnews@gmail.com
Recent Posts
- မြန်မာနိုင်ငံက ပြည်သူအများစုမှာ စိတ်ဒဏ်ရာတွေရရှိတွေ ရှိနေပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ပြ
- စစ်ကောင်စီ စစ်ကြောင်းကို ဝင်တိုက်၊ စစ်ကောင်စီဘက်က (၆) ယောက် နေရာမှာသေဆုံး
- စစ်ဘေးနဲ့ ကပ်ဘေးကြောင့် မြန်မာပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေ တိုးလာတယ်လို့ အမေရိကန်မြန်မာသံရုံး ထုတ်ပြော
- ဒီနေ့မှာ PDF မန္တလေးက ပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တဲ့ မြင်ကွင်း
- လက်ရှိအချိန်မှာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင် ပြောပြန်